Sesi News

0 0
Read Time:1 Minute, 25 Second

ဆီဆိုင်-လွိုင်ကော်လမ်းပေါ်တွင် ဆိုင်ကယ်ဖြင့်သွားနေသော ပြည်သူ ၂ ဦးကို စစ်တပ်ပစ်သတ်မှု ၁ ဦးသေဆုံး

 

D Day News

ဧပြီလ ၁၉

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ လွိုင်ကော်- ဆီဆိုင်လမ်းပေါ်တွင် ဆိုင်ကယ်ဖြင့် သွားလာ နေသော ပြည်သူ ၂ ဦးကို အကြမ်းဖက်စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ရာ တစ်ဦးသေဆုံးခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၁၈ ရက် မွန်းလွဲ ၁ နာရီခန့်က ဆီဆိုင်မြို့နယ်၊ ဖြီတခေါ့ကျေးရွာနေပြည်သူ ၂ ဦး သည် ဆိုင်ကယ်ဖြင့် ခရီးသွားလာရာ ပုံလောင်းကျေးရွာအနီးအရောက် အကြမ်းဖက်စစ်တပ် စစ် ကြောင်းနှင့် ထိပ်တိုက်တိုးပြီး စစ်ဆေးမေးမြန်းခြင်းမရှိပဲ ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ရွာသားတစ်ဦး နေရာမှာ ပင်သေဆုံးခဲ့ကြောင်း၊ ကျန်ရွာသားတစ်ဦးမှာ ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း သိရ သည်။

 

ထိုသို့ ပစ်ခတ်ဖြတ်ခံရပြီး သေဆုံးသွားသော ပြည်သူ၏ ရုပ်လောင်းကိုလည်း အကြမ်းဖက်စစ်သား များက ပြန်လည် သယ်ယူခွင့်မပြုသေးကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန် ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *