Pauk News

0 0
Read Time:2 Minute, 37 Second

ပေါက်မြို့မှ ကမ္မမြို့သို့ ထွက်ခွာလာသော စစ်ယာဉ်တန်းကို မိုင်းဆွဲ၊ ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး (ရုပ်သံ)

 

D Day News

ဧပြီလ ၁၉

 

မကွေးတိုင်း၊ ပေါက်မြို့မှ ကမ္မမြို့သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီ၏ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း မြိုင်ပကဖထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၁၈ ရက် ညနေ ၄ နာရီခွဲခန့်ကစတင်ပြီး ပေါက်မြို့မှ ကမ္မမြို့သို့ ဦးတည်ထွက်ခွာ လာသော ယာဉ်အစီး ၇၀ ခန့်ပါ အကြမ်းဖက်စစ်ယာဉ်ကို မကျည်းသုံးပင်ရွာနှင့် ကမ္မမြို့ကြား အ ရောက် မိုင်း ၃ ကြိမ်ဆွဲပြီး တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးထက်မနည်းသေဆုံးပြီး အများ အပြားဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

ယင်းယာဉ်တန်းအား တိုက်ခိုက်မှု ပထမ အကြိမ်တွင် မော်တော်ယာဉ်တစ်စီး နင်းမိုင်းထိမှန် ပျက်စီး သွားကာ ယာဉ်တန်းမှာ အချိန်အတော်ကြာကြာ ရပ်တန့်သွားခဲ့ကြောင်း၊ ညနေ ၄ နာရီ မိနစ် ၄၀ အချိန်တွင် လမ်းဘေးဝဲယာရှိ ပြည်သူ့နေအိမ်များအား ဖောက်ထွင်းခိုးယူနေသော အကြမ်းဖက် စစ်သားများကို တစ်ကြိမ်၊ ညနေ ၄ နာရီမိနစ် ၅၀ ခန့်တွင် အကြမ်းဖက်စစ်ယာဉ်တန်း၏ ရှေ့ပြေးပွိုင့် အားတစ်ကြိမ် မိုင်းပွိုင့်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်မှုများ အတွင်း အကြမ်းဖက်စစ်သားများက လမ်းဘေးဝဲယာသို့ လက်နက်ကြီး လက် နက်ငယ် များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက် မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ကမ္မ ရဲစခန်းရှေ့ဝန်းကျင်တွင် ရပ်နားထားသော အကြမ်းဖက် စစ်ယာဥ်တန်းနှင့် စစ်သားများကို ဒရုန်းဖြင့် 2 kg ဗုံးသီး ၇ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက် မှုများကို Leopard Guerrilla Force ၊ PDF Kamma (ကမ္မ တပ်ပေါင်းစု)၊ ဗိုလ်စနေ အဖွဲ့၊ KMDF(ကမ္မ တပ်ပေါင်းစု) ၊ Red Giant(RG) နှင့် မြိုင်ပကဖ တပ်ရင်း ၁ တပ်ခွဲ-၁ ၊ တပ်ခွဲ- ၂ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *