Pakokku News

0 0
Read Time:2 Minute, 0 Second

ပေါက်မြို့ထွက်လာသောစစ်သားများကို ဗုံးကြဲ၊မိုင်းဆွဲတိုက်ခိုက်မှု ၂ ဦးသေဆုံး (ရုပ်သံ)

 

D Day News

ဧပြီလ ၁၉

 

မကွေးတိုင်း၊ ပေါက်မြို့မှ ပခုက္ကူဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်သားများကို ဗုံးကြဲ၊ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၁၈ ရက် ညနေ ၅ နာရီခန့်က ပေါက်မြိုနယ်မှ ထွက်ခွာလာသော ယာဥ်တန်း အစီး ရေ ၇၀ ခန့်ပါ  အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းဗုံးသီးများ ၁၀ လုံးခန့်ဖြင့် ဖြုတ်ချတိုက်ခိုက် ပြီး ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် အကြမ်းဖက်စစ်သား၊ ပျူ ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Pakokku Defence Force (PPDF) ၊ မြိုင်ပကဖ ၊ Black Cobra PKU (ကမ္မ တပ်ပေါင်းစု) ၊ PKU Thurein နှင့် DMG (ဓားမင်းကြီး) အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

 

ယနေ့ ဧပြီလ ၁၉ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ရွာနှင့် ကန်တော်ရွာ ကြားအရောက် မိုင်းရှင်းရန်ထွက်ခွာလာသော အကြမ်းဖက်စစ်သားများကို မိုင်းပွိုင့် ၂ ပွိုင့်ဖြင့် မိုင်း ဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးနေရာမှာပင်လဲကျသေဆုံးသွားပြီး ကျန်စစ်သားများ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ ၊ Black Cobra ၊ PKU Thurein ၊ DMG ဓါးမင်းကြီး အဖွဲ့ ပခုက္ကူ ခရိုင် တပ်ခွဲ-၁၀ နှင့် ဂဠုန်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *