Myitkyina Jail News

0 0
Read Time:3 Minute, 22 Second

မြစ်ကြီးနားအကျဉ်းထောင်အတွင်းသို့ စစ်သား၊ ရဲများ ဝင်ရောက်ပြီး ပစ်ခတ်မှုကြောင့် နိုင်ငံရေး အကျဉ်းသားတစ်ဦးအပါအဝင် ၄ ဦးသေဆုံး၊ ၁၀ ဦးကျော်ဒဏ်ရာရ

 

D Day News

ဧပြီလ ၁၉

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အကျဉ်းထောင်အတွင်းသို့ စစ်သား၊ ရဲ များဝင်ရောက်ပစ်ခတ်မှု ကြောင့် နိုင်ငံရေးအကျဉ်းသားတစ်ဦးအပါအဝင် ၄ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၁၈ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်အချိန်မှစ၍ အာဏာသိမ်းစစ်ကောင်စီပေးသည့် လျော့ရက်ခံစားခွင့် ၆ ပုံ ၁ ပုံတွင် အကျုံးဝင်သော်လည်း လွတ်‌မြောက်သည့်အထဲတွင် မပါဝင်သည့် အတွက် အကျဉ်းဦးစီးဝန်ထမ်းများနှင့် အကျဉ်းသားများအချင်းများရာမှ ထောင်တွင်းဆန္ဒပြပွဲ ဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဆန္ဒပြမှုအား ဖြိုခွင်းရန်အတွက် ရဲနှင့်စစ်သားအင်အား (၇၀) သည် ယာဉ်တန်း (၅) စီးဖြင့် အ ကျဉ်းထောင်အတွင်း ဝင်ရောက်လာပြီး ညနေ ၄ နာရီ ၁၅ မိနစ် အချိန်မှစတင်၍ ပစ်ခတ်ဖြိုခွင်းခဲ့ အ ကြမ်းဖက်စစ်သား၊ ရဲများ၏ ပစ်ခတ်မှုသည် အချက်ရေ (၁၀၀) ထက်မနည်း ရှိခဲ့ပြီး နိုင်ငံရေးအကျဉ်း သားတစ်ဦးအပါအဝင် ၄ ဦးသေဆုံးကာ အကျဉ်းသား ၅ ဦးခန့်သည် အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေဖြင့် ရင်ဆိုင်နေရကြောင်း၊ ဒဏ်ရာရ အကျဉ်းသား (၁၀) ဦးကျော်သည်လည်း ဆေးဝါး ကုသ ရန် အရေးပေါ်လိုအပ်လျက်ရှိကြောင်း သိရသည်။

 

ယနေ့ ဧပြီလ ၁၉ ရက်နေ့ ညနေ ၃ နာရီအချိန်ထိတိုင်အောင် အကျဉ်းထောင်အတွင်းမှ လူနာတင် ယာဉ် များဖြင့် အကျဉ်းသားများကို ခေါ်ထုတ်နေဆဲဖြစ်ပြီး လက်ရှိ ဒဏ်ရာရသူ(သို့) သေဆုံးသူများ ကို နယ်မြေခံ မီးသတ်ကားများဖြင့် သယ်ထုတ်လျက်ရှိကြောင်း၊ မြစ်ကြီးနားအကျဉ်းထောင်အတွင်းမှ သယ်ထုတ်သွားသူများကို ဆေးရုံသို့ ပို့ဆောင်ခြင်းမရှိပဲ စစ်တပ်ဝန်းအတွင်းရှိ စစ်ဆေးရုံသို့ သယ် ဆောင်သွားသည်ကို တွေ့ရှိရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသား များကွန်ရက် (PPNM) က ထုတ်ပြန်ထားသည်။

 

လက်ရှိထုတ်ပြန်ချိန်အထိ အကျဉ်းထောင်တွင်း လုံခြုံရေးအား အင်အားတိုးချထားပြီး မြစ်ကြီးနား အကျဉ်းထောင်အတွင်းဖြစ်ပေါ်နေသည့် သတ်ဖြတ်မှု ညှဉ်းပန်းမှုများအပြင်သို့ မပေါက်ကြားစေရန် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စစ်သား၊ရဲနှင့် အကျဉ်းဦးစီးဝန်ထမ်းများ ပူးပေါင်းလုပ် ဆောင်လျက်ရှိကြောင်း သိရသည်။

 

အကျဉ်းထောင်အတွင်း၌ အကျဉ်းသားများကို အကြမ်းဖက်ပစ်ခတ်နှိမ်နှင်းပစ်ခတ်မှုကို မြစ်ကြီးနား ခရိုင် ရဲတပ်ဖွဲ့မှူးမှ ဦးဆောင်ကာ လုပ်ဆောင်ခဲ့‌ခြင်းဖြစ်‌ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *