Monywa News

0 0
Read Time:3 Minute, 44 Second

မုံရွာမြို့၊ ကန်သာယာဗဟိုသင်္ကြန်မဏ္ဍပ်နှင့် ပျူရွာ ၂ ရွာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံး၊ လက်နက်တိုက် တစ်လုံး ပျက်စီး

 

D Day News

ဧပြီလ ၁၉

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံဇီးပျူရွာစခန်း၊ မုံရွာမြို့နယ်တောပုပျူရွာနှင့်မုံရွာမြို့ ကန်သာယာ ဗဟိုသင်္ကြန်မဏ္ဍပ်တို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးပြီး လက် နက်တိုက်တစ်လုံး ပျက်စီးခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ – MSPDF ထံမှ သိရသည်။

 

ဧပြီလ ၇ ရက် နံနက် ၁၀ နာရီအချိန်မှ မွန်းလွဲ ၁ နာရီအချိန်အထိ ချောင်းဦးမြို့နယ်၊ ကံဇီးပျူရွာ အ တွင်းရှိ စစ်သား၊ ရဲ၊ ပျူစောထီးများ အခြေချနေထိုင်နေရာ နေရာများကို Shar Htoo WAW” နည်း ပညာ တိုက်ခိုက်ရေး Fixed Wings Drone များဖြင့် “Air Bomb”၁၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ၃ ဦး သေဆုံးပြီး ၅ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ဧပြီလ ၁၄ ရက် နံနက် ၈ နာရီခန့်မှ ၉ နာရီ မိနစ် ၃၀ အချိန်အထိ မုံရွာမြို့နယ်၊ တောပု ပျူ ရွာ အတွင်းရှိ အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများ အခြေချနေထိုင်နေသော နေရာများကို Shar Htoo WAW နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drone များဖြင့် Air Bomb ၃ လုံး ကျဲချ တိုက် ခိုက်ခဲ့ရာ ၂ ဦးသေဆုံးပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများ အသုံးပြုသော လက်နက်လည်း ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

 

“သင်္ကြန်မဏ္ဍပ်မှာက အထိအခိုက်စုံစမ်းလို့မရသေးဘူး၊ ချောင်းဦးမြို့နယ်၊ ကံဇီးပျူရွာမှာကျတော့ ၃ ကောင်သေတယ်၊ ၅ ကောင်ဒဏ်ရာရတယ်။ တောပုရွာမှာက ၂ ကောင်သေတယ်၊ လက်နက်တိုက် ပျက်စီးသွားတယ်၊ လက်နက်တိုက်ထဲသိမ်းထားတဲ့ ကျည်တွေပါပေါက်ထွက်ကုန်တာ၊ အမိုးတွေ လည်းပျက်စီးသွားတယ်၊ ဗုံးသီးက ကျည်တွေထားတဲ့နေရာကျကွဲလို့ထင်တယ်၊ ဗုံးသီးတွေတော့ မပေါက်ကွဲဘူး၊ ဗုံးသီးထားတဲ့နေရာနဲ့ ဝေးလို့ဖြစ်တမယ်၊ မဟုတ်ရင်တော့ ကွဲကုန်မှာ” ဟု မြောင် မြို့နယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ – MSPDF မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ လွင်ဂူးက ပြောကြားသည်။

 

အလားတူ ဧပြီလ ၁၄ ညနေခ ၄ နာရီအချိန်ခန့် မှ ၅ နာရီအချိန်ခန့် အထိ မုံရွာမြို့ ကန်သာယာ ဗဟို မဏ္ဍပ်အတွင်းရှိ အကြမ်းဖက်စစ်သား၊ M9၊ ပျူစောထီးများကို Shar Htoo Waw နည်းပညာတိုက် ခိုက်ရေး Fixed Wings Droneများဖြင့် M9 ဗုံသီး ၉ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ် ကောင်စီ တပ်ဖွဲ့ဝင်များ အထိအခိုက်ရှိနိုင်ပြီး အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ် ကြောင်း သိရ သည်။

 

အဆိုပါ တိုက်ခိုက်မှုများကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး အထူးတပ်ဖွဲ့ -MSPDF/MSDFနှင့် ညီနောင်မဟာမိတ်တပ်ဖွဲများ ဖြစ်ကြသော စစ်ကိုင်းခရိုင် Drone တပ်ဖွဲ့၊ မုံရွာခရိုင် အမှတ် ၁၂ တပ် ရင်း-တပ်ခွဲ ၂ ၊ တပ်ခွဲ ၄ ၊ မုံရွာခရိုင်အမှတ် ၇ တပ်ရင်း၊ URBAN HUNTER FORCE(UHF) ၊ SHINING STARS ၊ Meikhtila Special Force နှင့် မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း-NRDF တို့ ပူးပေါင်းကာ လုပ် ဆောင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *