Monywa News

0 0
Read Time:1 Minute, 55 Second

မုံရွာမြို့နယ်၊ တောပုရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု ၃ ဦးသေဆုံး (ရုပ်သံ)

 

D Day News

ဧပြီလ ၁၉

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာမှ ထွက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီး ၃ ဦးသေဆုံးခဲ့ကြောင်း People’s Defence Force – South Monywa တပ်ဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၁၅ ရက် ညနေ ၄ နာရီ ၄၅ မိနစ်အချိန်ခန့်က မုံရွာမြို့နယ်၊ တောပုရွာမှ ထွက်လာသော အ ကြမ်းဖက်စစ်သား၊ ပျူစောထီး ၁၅ ဦးခန့်ကို တောပုရွာအရှေ့တောင်ဘက် တနေရာ အရောက် ပြည် သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ အသင့်စောင့်ကြို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူ စောထီး ၃ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“၃ ကောင်သေပြီး အများအပြား ဒဏ်ရာရတယ်လို့ တိကျခိုင်မာတဲ့ မြေပြင်သတင်းအချက်အလက်က နေသိရပါတယ်။ စစ်ခွေးတွေ အထိနာတော့ တောပုရွာထဲကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့ပါ တယ်။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေအထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့ပါတယ်” ဟု People’s Defence Force – South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှု မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်းဖြစ်သော People’s Defence Force – South Monywa တပ်ခွဲ ၁ ၊ မုံရွာခရိုင်တပ်ရင်း ၁၁ ၊ တပ်ခွဲ ၃ ၊ တပ်စု ၂ Youth Vigor Revolution Force ၊မုံရွာခရိုင်တပ်ရင်း ၂၄ ၊ တပ်ခွဲ ၂ တပ်ခွဲ ၄ ၊ မုံရွာခရိုင်တပ်ရင်း ၂၇ ၊ တပ်ခွဲ ၃ နှင့် ကနောင်မင်းသားကြီး တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *