TNLA News

0 0
Read Time:3 Minute, 10 Second

မိုးမိတ်မြို့ရှိ ပြည်သူ့နေအိမ်များကို တပ်မ ၉၉ နှင့် ပျူစောထီးများက ဖောက်ထွင်းခိုးယူပြီး ကားပိုင်ရှင်များအနေဖြင့် ကျပ်သိန်းရာချီပေးကာ ပြန်ရွေးနေရ

 

D Day News

ဧပြီလ ၁၇

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့တွင်းရှိ ပြည်သူ့နေအိမ်များကို အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၉၉ လက်အောက်ခံ တပ်သားများနှင့် ပျူစောထီးများက ဖောက်ထွင်းခိုးယူသွားကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

 

ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၅ ရက်နေ့အထိ မိုးမိတ်မြို့ပေါ်တွင် စစ်ကောင်စီ တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် – KIA တို့ကြား ၁ လနီးပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ် တပ်မ ၉၉ လက်အောက်ခံတပ်သားများနှင့် ပျူစောထီးများ က မိုးမိတ်မြို့၊ ဟော်နန်း ဒေသ အခေါ်အဝေါ်(အာသံရပ်ကွက်)၊ လက်ခုပ်တန်း ဒေသအခေါ်အဝေါ် (ပလောင်ကုန်း) ရပ်ကွက်၊ တောင်ပိုင်းရပ်ကွက်နှင့် မြောက်ကိုင်းရပ်ကွက်တို့ အတွင်းရှိ ပြည်သူ့နေ အိမ် များကို ဖောက်ထွင်းကာကား၊ ဆိုင်ကယ်အပြင် လက်ဝတ်ရတနာ ဖြစ်သည့် ရွှေဆွဲကြိုး၊ နား ကပ်၊ လက်စွပ်၊ ဖုန်း၊ မီးစက်၊ ပိုက်ဆံ၊ ကုန်စုံဆိုင်အတွင်း တန်ဖိုးရှိ ပစ္စည်း များ နှင့် ရိုးရာ ဝတ်စုံ ပစ္စည်းများ ခိုးယူသွားကြောင်း သိရသည်။

 

“အိမ်တိုင်းလိုလိုပဲ ဝင်မွေသွားတယ်၊ ကျွန်တော်တို့ အိမ်ကတော့ ဖုန်း ၁ လုံး ၊ Kenbo ဆိုင် ကယ် ၁ စီးနဲ့ ငွေဆယ်သိန်းပါ ယူသွားတယ် တခြားအိမ်တွေလည်း အများကြီးရှိတယ်၊ တိတိကျကျတော့ မသိရသေးဘူး” လို့ လက်ခုပ်တန်းရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောဆိုသည်။

 

ထို့အပြင် စစ်ကောင်စီ၏ တပ်မ ၉၉ လက်အောက်ခံတပ်သားများနှင့် ပျူစောထီးများက ပြည်သူပိုင် ကားများကို အတင်း အဓမ္မယူဆောင်သွားပြီး သိန်းရာချီတောင်းကာ ပြန်လာယူခိုင်းနေကြောင်း သိရသည်။

 

“ကျွန်မတို့ ရပ်ကွက်မှာဆို ကားတွေယူသွားပြီး သိန်းနှစ်ရာနဲ့ လာရွေးခိုင်းတယ်၊ တစ်ချို့လည်း ပြန် ရွေးတယ်၊ တစ်ချို့လည်း ငွေမတက်နိုင်လို့ မရွေးဖြစ်ဘူး”ဟု ဟော်နန်းရပ်ကွက်ဒေသနေပြည်သူ တစ်ဦးက ပြောကြားသည်။

 

မိုးမိတ်မြို့တွင် စစ်ကောင်စီတပ်နှင့် ကချင်လွှတ်မြောက်ရေး တပ်မတော်(KIA)တို့ တိုက်ပွဲကြောင့် ရပ် ကွက်နှင့် ကျေးရွာရှိ နေအိမ်အများအပြား မီးလောင် ပျက်စီးခဲ့ပြီး လက်ရှိအချိန်ထိ အိမ်နေ စွန့်ခွာ ထွက် ပြေးတိမ်းရှောင်နေရသူ ဒုက္ခသည် အများအပြားရှိကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာန က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *