Palaw News

0 0
Read Time:2 Minute, 41 Second

ပလောက်မြို့၊ တံတားကြီးအနီး တပ်စွဲထားသော စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး၊ အနောက်ကမ်းရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ်မီးရှို့ဖျက်ဆီး (ရုပ်သံ)

 

D Day News

ဧပြီလ ၁၇

 

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလောက်မြို့ရှိ တံတားကြီးအနီး စစ်တပ်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးထိခိုက်သေဆုံးခဲ့ကြောင်းမြိတ်ခရိုင်တပ်ရင်း ၁ ထံ မှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၁၆ ရက် မွန်းတည့် ၁၂ နာရီ မိနစ် ၅၀ အချိန်က ပလောက်မြို့၊ တံတားကြီးအနီး အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်ကို လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အထန် အပြန်အလှန်ပစ်ခတ် တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၄ ဦး မျက်မြင်ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

 

ထိုနောက် ဖက်ဆစ် စစ်တပ်ဘက်မှ စစ်ကူများ ထပ်မံရောက်ရှိလာသဖြင့်  အကြမ်းဖက် ဖက်ဆစ် တပ်သားများ တပ်စွဲလေ့ရှိသည့် ပလောက်မြို့ အနောက်ကမ်း အုပ်ချုပ်ရေးမှူး စုကန်း၏ နေအိမ်ကို မီးရှို့ ဖျက်ဆီးကာ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် – ပုလော ၊ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း၊ ပုလောစစ်ကြောင်း-၁ နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းနှင့် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များသည် ပုလောမြို့နယ် အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ဖက်ဆစ်တပ်များနှင့် ၎င်းတို့ လက်ဝေခံ ပျူတပ်ဖွဲ့တို့ကို အရှိန်အဟုန် မြှင့် တိုက်ခိုက်လျက်ရှိကြောင်း၊ ထိုကြောင့် ပြည်သူများအနေဖြင့် စစ်ရေးသတင်းများကို အစဉ်နားစွင့် ထားရန်နှင့်တော်လှန်ရေးအင်အားစုများမှ ထုတ်ပြန်သည့် ညွှန်ကြားချက်များကို လေးလေးစားစား လိုက်နာပူးပေါင်းပေးစေလိုကြောင်း မေတ္တာရပ်ခံ ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *