KNU News

0 0
Read Time:2 Minute, 18 Second

စခန်းစွန့်ခွာထွက်ပြေးလာသော စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးပြီး တပ် ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းအပါအဝင် စစ်သား ၄၈ ဦး လက်နက်ချအညံ့ခံ

 

D Day News

ဧပြီလ ၁၆

 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်း၌ စခန်းစွန့်ခွာထွက်ပြေးလာသော အကြမ်းဖက်စစ်ကောင်စီ၏ ခလရ−၁၀၃ တပ်ရင်းစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦး လက်နက်ချအညံ့ခံခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

 

ယမန်နေ့ ဧပြီလ ၁၅ ရက်နေ့က ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ် နယ်မြေ၊ ဘိတ်−ထားဝယ်ခရိုင်အတွင်းရှိ ခရလ ၁၀၃ တပ်ရင်းမှ စစ်သားများသည် ၎င်းတို့ တပ်စွဲ ထားရာနေရာကို စွန့်ခွာပြီး ထီးထာ့ဗျူဟာသို့ ပူးပေါင်းရန် ဆုတ်ခွာလာစဉ် မောထာဒေသနှင့် ထီး ထာကြား၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ အမှတ် ၄ တပ်ဖွဲ့ဝင် များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦးခန့်သေဆုံးခဲ့ပြီးနောက် ကျန်တပ်ဖွဲ့ ဝင်များ လက်နက် ချအညံ့ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ လက်နက်ချ အညံ့ခဲ့သူများမှာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ခလရ−၁၀၃ တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦး ဖြစ်ပြီး ၎င်းတို့ထံမှ လက်နက်ကြီးလက်နက်ငယ် (၆၇) လက်သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ လက်နက်ချအညံ့ခံလာသော ခလရ – ၁၀၃ တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်း အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၈)ဦးကို ကေအဲန်ယူ−ဘိတ်−ထားဝယ်ခရိုင် တာဝန်ရှိသူများမှ နိုင်ငံတကာ လက်နက်ချခြင်းဆိုင်ရာ ဥပဒေများနှင့်အညီထိန်းသိမ်း စောင့်ရှောက် ထားကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *