Taung Tha News

0 0
Read Time:3 Minute, 25 Second

တောင်သာမြို့နယ်အတွင်း စစ်တပ်၊ ပျူစခန်းနှင့် စစ်ကူကားများကို ဒရုန်း၊ မိုင်းဆွဲ၊ ပစ်ခတ် တိုက်ခိုက်မှု စစ်သား၊ ပျူ ၁၅ ဦးသေဆုံးပြီး ဗျူဟာမှူးတစ်ဦး အပြင်းအထန်ဒဏ်ရာရ

 

D Day News

ဧပြီလ ၁၅

 

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်း၌ စစ်တပ်၊ ပျူစောထီးစခန်းနှင့် စစ်ကူကား များကို ဒရုန်း၊မိုင်းဆွဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီး ၁၅ ဦးသေဆုံးပြီး စစ်ဗျူဟာမှူတစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှသိရသည်။

 

ဧပြီလ ၁၂ ရက် နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က တောင်သာမြို့နယ်၊ ဘုရားလှကျေးရွာ ပျူစောထီး ခေါင်းဆောင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနေအိမ်ကို အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး အုပ်ချုပ်ရေးမှူး အစ်ကိုနှင့် မိခင်ဖြစ်သူတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

 

ထို့နောက် ၇ နာရီ ၄၅ မိနစ်အချိန်တွင် မြင်းခြံမြို့မှ ဗျူဟာမှူးနှင့် ပျူစောထီးခေါင်းဆောင် သီတာ ယုမွန် ဦးဆောင်သော အဖွဲ့က စစ်ကူပေးရန် ကားဖြင့် ထွက်လာခဲ့ရာ လမ်း၌ အသင့်စောင့်ဆိုင်းပြီး မိုင်းဆွဲတိုက်ခိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူ ၄ ဦးသေဆုံးပြီး ဗျူဟာမှူး လည်ပင်းပြတ်ရှ အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“ကျနော်တို့ဘက်က ၄ ဦး မစိုရိမ်ရ ဒဏ်ရတယ် ၊မိုင်းစထိတာ၊ သီတာယုမွန်နဲ့ ဗျူဟာမှူးပါတဲ့ စစ် ကြောင်းက ကား ၃ စီးနဲ့လာတာ။ အလယ်တစ်စီး လွင့်သွားတယ်၊ ခွေးတွေ အမှန်အကန်သေတာ။ ဗျူဟာမှူးက နာမည်တော့ မသိရဘူး၊ မြင်းခြံကနေလာတာ” ဟု တောင်သာမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထို့အပြင် နံနက် ၉ နာရီ ၅၈ မိနစ်အချိန်တွင် တောင်သာမြို့နယ်၊ ဇဂျမ်းစခန်းအတွင်း ပူးပေါင်း နေထိုင်သော ထနောင်းကုန်းပျူစောထီးများက စစ်ကူလာစဉ် ဇရပ်တခုတွင် ယာယီအထိုင်ချပြီး ပြည်သူများကို တားဆီးစစ်ဆေးနေစဉ် မိုင်းခွဲတိုက်ခိုက်ရာ ပျူစောထီး ၇ ဦး ပွဲချင်းပြီးသေဆုံးခဲ့ ကြောင်း သိရသည်။

 

ဧပြီလ ၁၂ ရက်နေ့ နံနက် ၈ နာရီအချိန် တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာတွင် တပ်စွဲထားသော စစ် ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲချရာ စစ်သား ၁ ဦး သေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရ သည်။

 

အဆိုပါတိုက်ခိုက်မှုများကို တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့်အတူ တောင်သာမြို့ နယ် ပလဖ၊ မလှိုင်မြို့ နယ် ပကဖ၊ မြင်းခြံရင်း ၁၊ မြင်းခြံရင်း ၈၊ မြင်းခြံပကဖ အဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *