Sagaing News

0 0
Read Time:3 Minute, 7 Second

မင်းကွန်းရဲစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်မှု စစ်သား၊ ရဲများ ထိခိုက်သေဆုံးမှုရှိပြီး စစ်တပ်က ဘက် က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရ

 

D Day News

ဧပြီလ ၁၅

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရဲစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် သား၊ ရဲ များ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း မင်းကွန်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၁၂ ရက် ညနေ ၃ နာရီအချိန် အကြမ်းဖက်စစ်သား၊ ရဲ အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားသော စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ ရာ ဧပြီလ ၁၃ ရက် နေ့လည်ပိုင်းအထိ ကြာမြင့်ခဲ့ပြီး ရဲစခန်းဆိုင်းဘုတ်အနီးအထိ ချဉ်းကပ်နိုင်ခဲ့ကာ အကြမ်းဖက်စစ်သား၊ ရဲ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

 

“သေချာအစီအစဉ်ဆွဲပြီး အင်အား အလုံးအရင်းနဲ့ ဝင်တိုက်ခဲ့တာပါ။ ၁၂ ရက်နေ့ကစပြီး ၁၃ ရက်နေ့ အထိ ကြာခဲ့တယ်၊ထိခိုက်မှုရှိနိုင်ပေမယ့် အတိအကျ မသိရဘူး၊ စခန်းဆိုင်းဘုတ်နားအထိ ရောက်ခဲ့ တာ၊ စခန်းမှာက Jammer တွေအရမ်းအားကောင်းပြီး ဒရုန်းတွေ တိုးမရလို့ ပြန်ဆုတ်ခဲ့ရတာ၊ Scout Drone ထောက်ရတာကို အဆင်မပြေခဲ့တာ၊ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ဒရုန်းနှစ်စီးဆုံးရှုံခဲ့ပါ တယ်။ အသေးတစ်စီးနဲ့ လေးလက်ဒရုန်းအကြီးတစ်စီးဆုံးရှုံးခဲ့တာပါ၊ အဲဒီအတွက်လည်းမိဘပြည်သူ တွေအနေနဲ့ ပြန်လည် အားဖြည့်ပေးဖို့ မေတ္တာရပ်ခံလိုပါတယ်” ဟု မင်းကွန်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

 

ယင်းတိုက်ခိုက်မှုအတွင်း မတ္တရာမြို့နယ်၊ နန်းတော်ကျွန်း၌ တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ရာ ကင်းရွာနေပြည်သူတစ်ဦးနှင့် ဈေးဆိပ်ရွာနေ ပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးစိုးရိမ်ရကြောင်း၊ ထို့အပြင် စစ်ကိုင်းမြို့တပ်မ ၃၃ မှ အကြမ်း ဖက်စစ်သားများကလည်း ကားများဖြင့် စစ်ကူရောက်ရှိလာကာ အင်အားဖြည့်ထားကြောင်း သိရ သည်။

 

အဆိုပါ တိုက်ခိုက်မှုကို မင်းကွန်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့၊ Acid LPDF ၊ Royal Falcon ၊ Phoenix Sgg ၊ ဒိုင်းနမိုက် ၊ ကိုးတောင်ကျား၊ နယ်စည်းမခြား ဗိုလ်ပျံလွှား ၊ စစ်ကိုင်းခရိုင် တပ်ရင်း ၃ နှင့် အင်းလေးသား ပကဖ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *