Paungdel News

0 0
Read Time:2 Minute, 20 Second

ပေါင်းတည်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး

 

D Day News

ဧပြီလ ၁၅

 

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၆၀၁ PPDF တပ်ဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၁၄ ရက်နေ့ နံနက် ၆ နာရီခွဲခန့် အချိန် ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ သစ် ပုတ်ရွာအနီး၌ ရုပ်ဆိုင်ရွာမှ ပြည်သူများကို မတရားဖမ်းဆီးခေါ်ဆောင်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ပဒေသာမိုင်း ၄ လုံးဖြင့် ဖောက်ခွဲတိုက်ခိက်ရာ စစ်သား ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာ ရရှိ ကြောင်း သိရသည်။

 

ထို့သို့ တိုက်ခိုက်မှုအတွင်း သေဆုံးသွားသော အကြမ်းဖက်စစ်သား အလောင်းများနှင့် အပြင်းအထန် ထိခိုက် ဒဏ်ရာရရှိသူများကို သစ်ပုတ်တာဝါတိုင်အထိုင်စခန်းသို့ သယ်ဆောင်သွားပြီး ထိုမှတဆင့် ပေါင်းတည်မြို့ဘက်သို့ ည ၉ နာရီခန့်အချိန် ကားဖြင့်ထပ်မံသယ်ဆောင်သွားကြောင်း သိရသည်။

 

အလားတူ ဧပြီလ ၁၄ ရက်နေ့ နံနက် ၈ နာရီခွဲအချိန် ပေါင်းတည်မြို့နယ်၊ ကြို့ကုန်းအုပ်စု၊ ထန်းကုန်း ရွာအနီး၌ အင်အား ၄၈ ဦးဖြင့် ဝင်ရောက်လာသော စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သားများ ကစဉ့်ကလျား ဖြစ်သွားပြီး ထိုသို့ ကစဉ့်ကလျားထွက်ပြေးနေသည့် စစ်သားများကို လက်နက်ငယ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးသည်ကို မျက်မြင်အတည်ပြုနိုင်ခဲ့ပြီး မိုင်း ဆွဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသော စစ်သားများကို အတည်ပြုနိုင်ခြင်းမရှိကြောင်း၊ အ‌ရေ အ တွက်အတိအကျ သိရှိနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *