Chaung U News

0 0
Read Time:3 Minute, 33 Second

မုံရွာ -‌ချောင်းဦးလမ်းပေါ်တွင် ကင်းပုန်းစစ်သားနှင့် စစ်သားများစီးနင်းလိုက်ပါလာသည့် အိမ်စီး ကား တစ်စီးကိုမိုင်းဆွဲတိုက်ခိုက်မှု အရာခံဗိုလ်တစ်ဦးအပါအဝင် ၅ ဦးသေဆုံး (ရုပ်သံ)

 

D Day News

ဧပြီလ ၁၅

 

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာနှင့် ငါယှန်ကျေးရွာကြားတွင် ကင်းပုန်းစစ်သား များနှင့် စစ်သားများ လိုက်ပါလာသည့် အိမ်စီးကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အရာခံဗိုလ်တစ် ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင် အမှတ် ၁၁ တပ်ရင်း People’s Defence Force – South Monywa ထံမှ သိရသည်။

 

ဧပြီလ ၁၃ ရက် နံနက် ၈ နာရီ မိနစ် ၂၀ ခန့်က ချောင်းဦးမြို့နယ်၊ နတ်ရေကန်ဂိတ်မှ အကြမ်းဖက်စစ် သားများသည် နတ်ရေကန်ကျေးရွာနှင့် ငါယှန်ကျေးရွာကြား၌ ကင်းပုန်းဝပ်ရန် မိုင်းကွင်းပေါ်ရပ်နေ စဉ် မိုင်း ၂ လုံးပွိုင့် တစ်ပွိုင့်ဖြင့် လည်းကောင်း၊ ထို့နောက် မြင်းမူဘက်မှ အကြမ်းဖက်စစ် သားများ လိုက်ပါလာသော ရွှေငါးကားတစ်စီးထပ်မံရောက်ရှိလာသဖြင့် မိုင်း ၂ လုံးပွိုင့်တစ်ပွိုင့်ဖြင့် လည်း ကောင်း ဖောက်ခွဲတိုက်ခိုက်ခဲ့ သိရသည်။

 

“မိုင်းဆွဲတဲ့နေရာမှာ ၂ ဦးသေတယ်၊ ကျန်တဲ့ ၃ ဦးက ချောင်းဦးရောက်မှ ထပ် သေတာ။ သေတဲ့အထဲ မှာ အရာခံဗိုလ်တစ်ဦးပါတယ်လို့ သိရတယ်။ ကားက မိုင်း ဆွဲတဲ့နေရာမှာပဲ ပျက်သွားလို့ ညနေ ၄ နာရီ ခွဲလောက်မှ ကားကို ချောင်းဦးဘက်ဆွဲသွားတာ။ ကင်းပုန်းက အခုမိုင်းဆွဲလိုက်တဲ့ကားကို လာ စောင့်တာပါ။ စစ်ခွေးတွေ ရမ်းသမ်းပစ်ခတ်လို့ နတ်ရေကန်ထဲက ပြည်သူတစ်ဦး ထိခိုက်ဒဏ် ရာရရှိ တယ်လို့ သိရပါတယ်” ဟု မုံရွာခရိုင် အမှတ် ၁၁ တပ်ရင်း People’s Defence Force – South Monywa မှ Daung Karyen က ပြောကြားသည်။

 

ထိုသို့ ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်မှ အရာခံဗိုလ်တစ်ဦးအပါအဝင် ၅ ဦး သေဆုံးပြီး သေဆုံးအကြမ်းဖက်စစ်သားများကို ချောင်းဦးမြို့သို့ သယ်ဆောင်သွားကြောင်း၊ မိုင်းဆွဲ ခံရပြီးနောက် အနီးအနားရှိ ပြည်သူများကို ၂ ကြိမ် ဖမ်းဆီးခဲ့ပြီး ပထမတစ်ကြိမ် ဖမ်းဆီးသူများကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း – People’s Defence Force – South Monywa တပ်ခွဲ ၁ ၊နွေဦးလူငယ်People’s Defence Force၊ တောသားကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Myinmu Local Defence Force နှင့် Pentagram တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်သားများအနီး နီးကပ်စွာ နေထိုင်ခြင်း၊ ခရီးသွား ပြည်သူ လူထုအနေဖြင့်လည်း လမ်းပေါ်၌ အကြမ်းဖက်စစ်သားများလိုက်ပါလာသည့် ကားများနှင့် နီးကပ်စွာ မောင်းနှင်ခြင်းမပြုပဲ ဝေးဝေးမှသာ သွားလာပေးကြပါရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ က မေတ္တာ ရပ်ခံထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *