Zoland News

0 0
Read Time:2 Minute, 16 Second

အကြမ်းဖက်စစ်တပ်အတွက် အတင်းအဓမ္မစစ်သားစုဆောင်းရေးတွင် ကူညီပေးနေသူ ခရိုင်လဝက ဦးစီးမှူး မိုးသူကို PDF Zoland တပ်ဖွဲ့က ဖမ်းဆီး

 

D Day News

ဧပြီလ ၁၄

 

ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်တွင် အကြမ်းဖက်စစ်တပ်အတွက် အတင်းအဓ္မစစ်သားစုဆောင်းရေး တွင် ကူညီပေးနေသူ ခရိုင် လဝက ဦးစီမှူး မိုးသူကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း PDF Zoland တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဧပြီလ ၁၄ ရက် နံနက်ပိုင်းက တီးတိန်မြို့ပေါ်ရှိ လူငယ်များကို အကြမ်းဖက်စစ်တပ်အတွက် အ တင်း အဓမ္မစစ်မှုထမ်းစေခိုင်းရန် စုဆောင်းရာတွင် ကူညီပေးနေသူ ခရိုင် လဝက ဦးစီးမှူး အသက် ၅၉ နှစ်အရွယ် မိုးသူကို PDF Zoland က ဖမ်းဆီး ထိန်းသိမ်း လိုက်ပြီးလိုအပ်သည်များ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

“ဒီနေ့မနက်ပဲ ဖမ်းဆီးလိုက်တာ၊ ဖမ်းဆီးလိုက်တဲ့အချိန်မှာ ဝန်ထမ်းကဒ်ပြားတွေနဲ့ စာရွက်စာတမ်း တွေ သိမ်းဆည်းရရှိခဲ့တယ်။ လောလောဆယ်တော့ ထိန်းသိမ်းထားတုန်းပဲ၊ ဥပဒေနဲ့အညီ အရေးယူ မှာပဲ၊ ကျနော်တို့ ဖမ်းတယ်ဆိုတာက သတင်းအပြည့်အစုံရှိမှပဲ ဖမ်းတာ။ သူ့မှာတော့ သား ၂ ယောက် ရှိတယ်။” ဟု PDF Zoland တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ပြီးခဲ့သည့် မတ် ၂၅ ရက်နေ့ကလည်း PDF Zoland တပ်ဖွဲ့၏ သတိပေးချက်ကို လေးစားလိုက်နာခြင်း မရှိပဲ အကြမ်းဖက်စစ်ကောင်စီ၏ အတင်းအဓမ္မစစ်သား စုဆောင်းရေးတွင် ကူညီပေးနေသူ စည်ပင် ဌာနမှ လက်ထောက်အင်ဂျင်နီယာ ကပ်ဆွင်းခွါလ်၊ မွေး/ကုဌာနမှ ဒုကြီးကြပ်ရေးမှူး ခွါလ်လျန်းမုန် ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ စာရေး လျန်းလမ်ခိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦး စီးမှူး ရှင်းခန့်ခွာလ်နှင့် လဝက အငယ်တန်းစာရေး နန်ဆွင်းဂင့် တို့ကို ဖမ်းဆီးခဲ့ကာ ၎င်းတို့ကိုလည်း ယနေ့အချိန်အထိ ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *