အကြမ်းဖက်စစ်ခေါင်းဆောင်ရောက်ရှိနေသည့် ပြင်ဦးလွင်မြို့တွင် ပေါက်ကွဲသံများနှင့်အတူ လက် နက်ကြီးများ ပစ်ခတ်နေပြီးDSA ကျောင်းတွင်လည်း လက်နက်ကြီး ချို့ကျရောက် ရောက်ပေါက်ကွဲ
D Day News
ဧပြီလ ၁၄
အကြမ်းဖက်စစ်ခေါင်းဆောင်ရောက်ရှိနေသည့် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် ပေါက်ကွဲသံများနှင့် အတူ လက်နက်ကြီးများ ပစ်ခတ်နေပြီး DSA ကျောင်းတွင်လည်း လက်နက်ကြီးအချို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။
ယနေ့ ဧပြီလ ၁၄ ရက် ည ၉ နာရီ မိနစ် ၄၀ အချိန်တွင် ပြင်ဦးလွင်မြို့အတွင်း၌ ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လျက်ရှိကြောင်း၊ ပြင်ဦးလွင် ဆေးရုံအပေါ်သို့လည်း လက်နက်ကြီးအစများ ကျရောက်ခဲ့ကြောင်း၊ ညောင်ကုန်းရွာမှ ကျောက်မဲလေးဘက်သို့လည်း လက်နက်ကြီးများဖြင့် ပစ် ခတ်လျက်ရှိကြောင်း သိရသည်။
“ဒီဗန့ ည ၉ နာရီ မိနစ် ၄၀ လောက်ကစပြီးပြင်ဦးလွင်မြို့အတွင်း ပေါက်ကွဲသံတွေကြား နေရတယ်။
ပြင်ဦးလွင် ဆေးရုံအပေါ်ကိုလည်း လက်နက်ကြီးအစအနတွေ ကျနေလို့ သိရပါတယ်။. ညောင်ကုန်း ရွာကနေ ကျောက်မဲလေးဖက်ကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ ဆင်လမ်းဖက်မှာလည်း ပစ်ခတ်သံများကြားနေရတယ်။ DSA ကိုလည်း လက်နက်ကြီး တချို့ကျနေလို့ သတင်းရထားပါ တယ်” ဟု ဒေသတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိပေါက်ကွဲမှုများနှင့်ပတ်သက်၍ စစ်တပ်ဘက်က ခြောက်လှန့်ပစ်မှုများဖြစ်နိုင်သလို တိုက်ခိုက် ခံရခြင်းများဖြစ်နိုင်ကြောင်း သုံးသပ်မှုများရှိနေပြီး D Day News သတင်းဌာနအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပေ။
လတ်တလော ပြင်ဦးလွင်မြို့တွင်းရှိ အကြမ်းဖက်စစ်ကောင်စီ စစ်ကားတချို့ ပြင်ဦးလွင် စစ်တက္က သိုလ် ဘက်သို့ ဦးတည်၍ မောင်းနှင်သွားပြီး စစ်တက္ကသိုလ်ဝင်းအတွင်း၌လည်း အကြမ်းဖက် စစ် သားများ ပြေးလွှားနေကြောင်း သိရသည်။
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြင်ဦးလွင်သို့ရောက်ရှိပြီး တပ်မတော် အုပ်ချုပ်မှု သင်တန်းကျောင်း၌ လက်အောက်ခံ စစ်ဗိုလ်ချုပ်များနှင့်အတူ အနားယူနေစဉ် ပေါက်ကွဲမှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလ (၈) ရက်နံနက် အစောပိုင်းက ပြင်ဦးလွင်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ စစ် တက္ကသိုလ် (DSA) ကို မန္တလေးတိုင်း(ပကဖ)က ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများနေထိုင်ရာ အဆောင်အနီးသို့ ၄ လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်းNUG ၊ ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်ခဲ့သည်။
D Day News