KIA News

0 0
Read Time:1 Minute, 30 Second

မိုးမောက်မြို့နယ်၊ စိန်လုံတောင်စစ်ဗျူဟာကုန်းစခန်းမှ ထွက်ပြေးနေသည့် စစ်ဗျူဟာမှူးကို အရှင် ဖမ်းမိ (ရုပ်သံ)

 

D Day News

ဧပြီလ ၁၄

 

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ စိန်လုံတောင်စစ်ဗျူဟာကုန်းစခန်းမှ ထွက်ပြေးနေသည့် စစ်ဗျူ ဟာမှူး ဗိုလ်မှူးကြီးဟိန်းထက်အောင်ဆိုသူကို အရှင်ဖမ်းမိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရသည်။

 

ဧပြီလ ၁ ရက်နေ့က ဗန်းမော် -လွယ်ဂျယ်လမ်းပေါ်ရှိ စိန်လုံတောင်ဗျူဟာစခန်းအပါအဝင် အကြမ်း ဖက်စစ်တပ်စခန်းအားလုံးကို KIA တပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ဗျူဟာမှူးမှူး အပါအဝင် အကြမ်း ဖက်စစ်သားများမှာ ကျောက်စခန်းသို့ ထွက်ပြေးသွားကြောင်း သိရသည်။

 

ထိုသို့ထွက်ပြေးသွားသည့် အကြမ်းဖက်စစ်သားများကို လိုက်လံရှင်းလင်းရာ ဧပြီလ ၅ ရက်နေ့တွင် မို့မောက်မြို့နယ်၊ ကျောက်စခန်းအနီး၌ ထိတွေ့တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဧပြီလ ၆ ရက်နေ့တွင် စိန်လုံတောင် ဗျူဟာ စခန်းမှ ထွက်ပြေးသည့် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဟိန်းထက်အောင် အပါ အဝင် ၁၈ ဦးကို အရှင် ဖမ်းမိခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်း ဖက်စစ်သား ၃၀ ခန့်သေဆုံးခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *