Kama News

0 0
Read Time:2 Minute, 30 Second

ကံမမြို့နယ်တွင် စစ်သားများစီးနင်းလိုက်ပါလာသည့် ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံးပြီး ကားတစ်စီးပျက်စီး

 

D Day News

ဧပြီလ ၁၄

 

မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ကြို့ပင်ကျေးရွာဘက်သို့ ထွက်လာသော အကြမ်းဖက် စစ် သားများလိုက်ပါလာသည့် ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သရက်ခရိုင် တပ်ရင်း ၄ Eagle Force တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဧပြီလ ၁၄ ရက် နံနက် ၉ နာရီခန့်က ကံမမြို့မှ ကြို့ပင်ကျေးရွာဘက်သို့ ထွက်ခွာလာသော

စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦး စီးနင်းလိုက်ပါလာသည့် ကား ၁ စီးကို အသင့်စောင့်ကြို မိုင်းဆွဲ တိုက် ခိုက်ခဲ့ရာ နေရာတွင်ပင် ကားပျက်စီး ရပ်တန့် သွားပြီး ကားပေါ်ပါ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံး ကာ ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“ကံမ -ပြာကြီးလမ်းပိုင်းကနေ ပုသိမ်-မုံရွာလမ်းကိုတက်ပြီးတော့ ကြို့ပင်ရွာဘက်ကိုသွားမယ့်ကား၊ ကံမ – ပြာကြီးလမ်းပိုင်းမှာပဲ ကျနော်တို့က မိုင်းဆွဲလိုက်တာ။ပျက်သွားတဲ့ကားက အခုထိ အဲဒီနေရာ မှာပဲ ရှိသေးတယ်လို့ သတင်းရထားတယ်။ ကြို့ပင်မှာ သူတို့လူကြီးလမ်းကြောင်းကိုလာကြိုတယ်။ အဲဒီကားကို ကျနော်တို့က တိုက်ခိုက်တယ်။ ပြီးတော့ ကျနော်တို့က မိုင်းဆွဲပြီးပဲ ဆုတ်ခဲ့လိုက်တာ၊ သူတို့လာကြိုတဲ့လူကြီးကလည်း အခင်းဖြစ်တဲ့နေရာကိုရောက်လာတယ်။ ကံမမြို့ဘက်ကိုပဲ ခွေးသေ တွေရော၊ ဒဏ်ရာရတဲ့သူတွေရောပြန်သွားတယ်လို့ ယူဆရတာပေါ့။” ဟု သရက်ခရိုင် တပ်ရင်း ၄ Eagle Force တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၁ စစ်ဒေသ ၊ မကွေးတိုင်းပြည်သူ့ကာကွယ်ရေး တပ်မတော်သရက် ခရိုင် အမှတ်-၄ တပ်ရင်း – Eagle Force ၊ ကျောင်းသားလက်ရုံးတပ်တော် – SAF နှင့်လွတ်မြောက်ရေးအင်အားစု စစ်သည်များတပ်ဖွဲ့ – WOLF တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *