Hakha News

0 0
Read Time:3 Minute, 8 Second

ဟားခါးမြို့ပေါ်တွင် ပြည်နယ်ဝန်ကြီးများ လိုက်ပါလာသည့် ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်မှု စီးပွားရေးဝန်ကြီး၊ လူမှုရေးဝန်ကြီးအပါအဝင် ၆ ဦး ကျည်ထိမှန် ဒဏ်ရာရ

 

D Day News

ဧပြီလ ၁၄

 

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် ပြည်နယ်ဝန်ကြီးများ လိုက်ပါလာသည့် ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ပြည်နယ်စီးပွားရေးဝန်ကြီး၊ လူမှုရေးဝန်ကြီးအပါအဝင် ၆ ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ ကြောင်း CDF – Hakha ထံမှ သိရသည်။

 

ဧပြီလ ၁၂ ရက် နံနက် ၉ နာရီခွဲခန့်က ဟားခါးမြို့တွင်းရှိ ဝန်ကြီးအိမ်ယာမှ ရုံးတက်ရန် ထွက်ခွာလာ သည့် ပြည်နယ် နယ်/လုံဝန်ကြီး၊ စီးပွားရေးဝန်ကြီးနှင့် လူမှုရေးဝန်ကြီး ၃ ဦး ပါ ယာဉ် ၅ စီးကို ဟား ခါးမြို့၊ မြို့သစ်ရပ်ကွက် လမ်းဆုံအရောက် လက်နက်ကြီး၊ လက်နက်ငယ်ဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုအတွင်း စီးပွားရေးဝန်ကြီး၊ လူမှုရေးဝန်ကြီးနှင့် ၎င်း ၏ ဇနီး၊ နယ်လုံဝန်ကြီး၏ ကိုယ်ရေးအရာရှိတို့အပါအဝင် ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“သူတို့ ယာဉ်တန်းနဲ့ တပ်ကို ပစ်ဖို့စီစဉ်ထားတာရှိတယ်၊ အခြေအနေကောင်းရင်ပစ်ဖို့ ကြိုတင်စီစဉ် ထားတာရှိတယ်၊ အဲဒါနဲ့ သူတို့ လုံခြုံရေးကို အရင်ပစ်တယ်၊ ပစ်ပြီးတော့မှ ယာဉ်တန်းကမရပ်လို့ သူ တို့ပဲဆိုပြီး ပြန်ပစ်လိုက်တာ၊ ဝန်ကြီးအိမ်ယာကနေ ရုံးတက်ဖို့လာတဲ့ လမ်းကြားမှာပေါ့၊ စီးပွားရေး ဝန်ကြီး ထိခိုက်ဒဏ်ရာရတယ်၊ ပြီးတော့ လူမှုရေးဝန်ကြီးလည်း ကျည်နဲ့ထိတယ်၊သူ့အမျိုးသမီးလည်း ကျည်ထိတယ်။ ပြီးရင် ကားသမားရောပေါ့၊ နယ်လုံဝန်ကြီးကတော့ ဘော်ဒီဂတ်ပေါ့၊ ပြီးရင် ရဲတစ် ယောက်နဲ့ စုစုပေါင်း ၆ ယောက်ဒဏ်ရာရတယ်၊ ကားကတော့ ၅ စီးလုံးကျည်ထိတာပေါ့ နယ်လုံ ဝန် ကြီးက ကားပေါ်မှာတော့ပါတယ်၊ ဒါပေမယ့် သူက မထိဘူး၊” ဟု CDF – Hakha မှ တာဝန်ရှိသူတစ် ဦးက ပြောကြား သည်။

 

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ပြည်နယ် နယ်လုံဝန်ကြီးသည် ရုံးရောက်ရှိသည့်ချိန်မှ မကျေနပ်ချက် ဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့ပြီး CDF Hakha တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကြောင့် ဟားခါးမြို့ပေါ်တွင်နေထိုင်သော ပြည်နယ်ဝန်ကြီးများသည် ကြောက်ရွံ့ ထိန်လန့်နေပြီး မြို့တွင်း၌ လုံခြုံရေးအင်အား တိုးမြှင့်ချထားကြောင်း၊ လူမှုရေးဝန်ကြီးနှင့် ၎င်း၏ အမျိုသမီးတို့ တက်ရောက်ကုသနေသည့် ဟားခါးမြို့နယ်ပြည်သူ့ဆေးရုံပတ်ပတ်လည်ကိုလည်း လုံ ခြုံရေး အပြည့်ချထားကြောင်း CDF Hakha ထံမှ သိရသည်။

 

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *