Kyaik Hto News

0 0
Read Time:2 Minute, 1 Second

ကျိုက်ထိုမြို့လယ်ခေါင်ရှိ ခရိုင်တရားရုံးကို လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှု အကြမ်းဖက်စစ်တပ် ဝန်ထမ်းကားများ ထိခိုက်ပျက်စီး

 

D Day News

ဧပြီလ ၁၃

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မြို့လယ်ခေါင်ရှိ ခရိုင်တရားရုံးအတွင်းသို့ လက်ပစ်ဗုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရုံးဝန်ထမ်းများ၏ ကားများ ပျက်စီးခဲ့ကြောင်း သိရသည်။

 

ယနေ့ ဧပြီလ ၁၃ ရက် မွန်းလွဲ ၁ နာရီ ၃၆ မိနစ်အချိန်က ကျိုက်ထိုမြို့နယ် ၊ မြို့လယ်ခေါင်ရှိ ခရိုင် တရားရုံးအတွင်းသို့ လက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ခတ်သွင်းဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ် လက် အောက်ခံ ရုံးဝန်ထမ်းများ၏ ကားများ ပျက်စီးခဲ့ကြောင်း၊ ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိပ်ကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF ၊ တပ်ရင်း – ၇၈၀၅ ၊ တပ်ခွဲ – ၄ ၊ UG တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ် ခွာ နိုင်ခဲ့ကြောင်း သိရသည်။

 

ယင်း ခရိုင်တရားရုံးသည် အကြမ်းဖက်စ်တပ်မှ အာဏာသိမ်းပြီးကတည်းက အကြမ်းဖက်စစ်သား များလာရောက်ကာ ဘန်ကာများစွာဖြင့် လုံခြုံရေးယူထားသည့် ရုံးဖြစ်ကြော်ငး၊ ထို့အပြင်ပတ်ဝန်း ကျင်၌ ထွေအုပ်ရုံး ၊ ကြံ့ခိုင်ရေးရုံး ၊ စည်ပင်ရုံးများနှင့်လည်း ကပ်လျက်ရှိရှိကြောင်း သိရသည်။

 

မိဘပြည်သူများအနေဖြင့် သင်္ကြန်အတွင်း အလည်ပတ်မပြုလုပ်ကြရန်နှင့် စစ်ကောင်စီနှင့်ဝေးဝေး နေထိုင်ပေးကြပါရန် တိုက်တွန်းထားသည်။

 

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *