Yangon News

0 0
Read Time:2 Minute, 53 Second

မင်္ဂလာဒုံမြို့မရဲစခန်းကို မိုင်းထောင်၊ မိုင်းရှင်စဉ်ပေါက်ကွဲပြီး စစ်သား ၃ ဦး အပြင်းအထန်ဒဏ်ရာရ

 

  • အရိပ်တပ်သားများ၏ “မြို့ပြလွတ်လပ်ရေး” စစ်ဆင်ရေးစတင်ကြောင်းကြေညာ

 

D Day News

ဧပြီလ ၁၂

 

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံမြို့မရဲစခန်းကို မိုင်းထောင်ခဲ့ပြီး မြေပြင်လုံခြုံရေး အခြေအနေအရ ပြန်လည် ဆုတ်ခဲ့ရာ မိုင်းရှင်းစဉ်ပေါ်ကွဲပြီး မိုင်းရှင်းစစ်သား ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း DARK SHADOW UG တပ်ဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၉ ရက်နေ့ ညပိုင်းက စစ်ဆင်ရေးပစ်မှတ်တစ်ခုဖြစ်သည့် မင်္ဂလာဒုံမြို့မရဲစခန်းကို ဖောက်ခွဲ တိုက်ခိုက်မှု ဆောင်ရွက်ရန် သတ်မှတ်ထားသည့်အချိန်တွင် အဖွဲ့ဝင်များ မြေပြင်လုံခြုံရေး အခြေ အနေကြောင့် ပြင်းအားမြင့် မိုင်းများသာ မင်္ဂလာဒုံမြို့မရဲစခန်းတွင် တပ်ဆင်ထားခဲ့ပြီး ရဲဘော်များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

 

ထို့သို့ ဆုတ်ခွာခဲ့ပြီးနောက် ဧပြီလ ၁၀ ရက် နံနက်ပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ မိုင်း ရှင်းလင်းရေး လုပ်ဆောင်ခဲ့ရာ မိုင်းပေါ်ကွဲပြီး အကြမ်းဖက်စစ်သား ၃ ဦးပြင်းထန်စွာ ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ယင်းထိခိုက်ဒဏ်ရာရရှိသူများ အနက် ၁ ဦးမှ အသက် အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။

 

အကြမ်းဖက် စစ်ကောင်စီ၏ ဖိနှိပ်မှု၊ အုပ်ချုပ်မှုကို မလွှဲမရှောင်နိုင်ပဲ အံကြိတ်ရှင်သန်နေရသည့် မြို့ပြ ပြည်သူများ အတွက် အရိပ်တပ်သားများ၏ “မြို့ပြ လွတ်လပ်ရေး” စစ်ဆင်ရေးကို ယနေ့ စတင် လိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံတစ်ဝှမ်း တော်လှန်ရေး အရှိန်မြှင့် နယ်မြေစိုးမိုးရယူနချိန်တွင် မြို့ပြ လည်း မကျန်စေရကြောင်း Dark Shadow ကအဖွဲ့ ပြောဆိုထားသည်။

 

Dark Shadow အဖွဲ့ အရိပ်တပ်သားများသည် မည်သည့် အဖွဲ့အစည်း များနှင့်မှ မဟာမိတ်ပြုလုပ် ထားခြင်း၊ ဖွဲ့စည်း မှုအောက်တွင် ပါဝင်ခြင်းမရှိဘဲ တရားမျှတမှုနှင့် လွတ်လပ်မှုကို လိုလားသော တော်လှန်ရေးတပ်သားများ စုပေါင်းဖွဲ့စည်းထားခြင်း ဖြစ်ပြီး အရိပ်တပ်သားများ အားလုံးသည် ပြည် သူတိုင်း လုံခြုံရေး၊ လွတ်လပ်စွာ နေထိုင်နိုင်ရေးနှင့် မတရားဖိနှိပ်ချုပ်ချယ် မှုများ မှ လွတ်မြောက်ရေး အတွက် တော်လှန်ရေးအောင်မြင်သည်အထိ စစ်ကောင်စီကို ဆက်လက် ချေမှုန်းတိုက်ပွဲဝင်သွား မည်ဖြစ်ကြောင်း ကြေညာထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *