Palaw News

0 0
Read Time:1 Minute, 34 Second

ပလမြို့ရဲစခန်းကို အမျိုးသမီးဒရုန်းတပ်ဖွဲ့ဝင်များက ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

 

D Day News

ဧပြီလ ၁၂

 

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့ရဲစခန်းကို အမျိုသမီးဒရုန်းတပ်ဖွဲ့ဝင်များက ဗုံးကျဲတိုက်ခိုက် ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၁၁ ရက် ညနေ ၆ နာရီခန့်က ပလမြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲစ ခန်းကို မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းမှ အမျိုးသမီးရဲဘော်များကိုယ်တိုင်ပါဝင်ပြီး ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးပြီ အခြားထိခိုက်ဒဏ်ရာရရှိမှု အသေးစိတ် ကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း T2 Special Drone Force မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းအနဖြင့် ပုလောမြို့နယ်အတွင်းရှိ အကြမ်းဖက် ဖက်ဆစ်တပ်များကို အရှိန်အဟုန်မြင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ ထိုကြောင့် ပြည်သူများအနေဖြင့် ဖက်ဆစ်စစ်သား များ၊ ၎င်းတို့တပ်စွဲရာနေရာများနှင့် အနီးကပ် နေထိုင်ခြင်း မပြုရန် အထူးမေတ္တာရပ်ခံထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *