Pathein Jail News

0 0
Read Time:4 Minute, 1 Second

ပုသိမ်အကျဉ်းထောင်အတွင်း၌ ပါရာစီတမောမှလွဲ၍ ကျန်ဆေးဝါးများကန့်သတ်ခံထားရပြီး နိုင်ငံရေး အကျဉ်းသူများ ကျန်းမာရေးပြသနာရင်ဆိုင်ကြုံတွေ့နေရ

 

D Day News

ဧပြီလ ၁၁

 

ဧရာဝတီတိုင်း၊ ပုသိမ်ကျဉ်းထောင်အတွင်း၌ ပါရာစီတမောမှလွဲ၍ နိုင်ငံခြားဆေးဝါးများ ကန့်သတ်ခံ ထားရပြီး နိုင်ငံရေးအကျဉ်းသူများ ကျန်မာရေးပြသနာ ကြုံတွေ့နေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရသည်။

 

ဧရာဝတီတိုင်း ပုသိမ်အကျဉ်းထောင်၌ ပုဒ်မ ၅၀ (ည) ၅၂ (က)ဖြင့် အထူးတရားရုံးက ထောင်ဒဏ် (၁၀) နှစ်ချခံထားရသည့် အသက်(၄၆)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူ ဒေါ်ချိုချိုဝင်း သည် သားအိမ် တွင် အကြိတ်လုံး တည်သည့် ရောဂါဝေဒနာကို ခံစားနေရသည့်အတွက် ထောင်ဆရာဝန်များကို မကြာခဏ ပြသနေရသော်လည်း ထောင်ဆရာဝန်များက အကိုက်အခဲပျောက်ဆေးကိုသာ ပေးလျက် ရှိကြောင်း သိရသည်။

 

ယနေ့အချိန်အထိ ထောင်ပြင်ပ ဆေးရုံတွင် ဆေးဝါးကုသခွင့် မရရှိသေးသည့်အပြင် ပုသိမ်ထောင် တွင် အမျိုးသမီးများအတွက် ဆေးရုံဆောင်မရှိဘဲ ရောဂါဖြစ်မှသာ ထောင်ဆရာဝန်ကိုခေါ်ယူ ကြည့်ရှု စစ်ဆေးစေကာ လိုအပ်သော ဆေးဝါး၊ ကျန်းမာရေး စောင့်ရှောက်မှုကို အပြည့်အဝမပေးဘဲ အ ဆောင် အတွင်း၌သာ နေထိုင်နေရပြီး ထောင်ဆရာဝန်ပေးသည့် အကိုက်အခဲပျောက်ဆေးသောက် ၍သာ အသက်ရှင်သန်နိုင်ရေး ကြိုးစားနေရကြောင်း စိတ်မကောင်းဖွယ် စုံစမ်းသိရှိရကြောင်း မြန်မာ နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ပြောဆိုသည်။

 

ထို့ကြောင့် နိုင်ငံရေးအကျဉ်းသူ ဒေါ်ချိုချိုဝင်းအပါအဝင် ပုသိမ်ထောင်အတွင်းရှိ ကျန်းမာရေးမ ကောင်းသူ အားလုံးကို လုံလောက်သော ဆေးဝါးစောင့်ရှောက်မှုပေးရန် ‌တောင်းဆိုပါကြောင်း ထုတ်ပြန်ထားသည်။

 

ထို့အပြင် နီယိုမက်ဆာဂရစ် (ကုလားလေးကောင်)ကဲ့သို့ ဆေးဝါးများကို ထောင်တွင်းသို့ မိသား စုများမှ ဖျားနာလျှင် သောက်ရန် ပို့ဆောင်ပေးသည်ကို ထောင်မှ လက်ခံထားသော်လည်း အကျဥ်း သား များထံသို့ မရောက်ခဲ့သလို မိသားစုဝင်များထံလည်း ပြန်လည်ပေးအပ်ခြင်းမရှိဘဲ ထောင်မှ သိမ်းယူထားကြောင်း သိရသည်။

 

အကျဥ်းသား/သူ များ ကျန်းမာရေးမကောင်းသည့်အခါ ထောင်တွင်း ဆေးခန်းကို ပြသရာတွင် ဆေး ဝါးများမှာ ကာလကြာရှည်စွာ သောက်သုံးသော်လည်း ရောဂါသက်သာခြင်း မရှိသဖြင့် ဆေးဝါးနား လည်သည်သူများကို မေးမြန်း၍ သောက်သုံးရန် လိုအပ်သော ဆေးဝါးများကို အကျဥ်းထောင် စျေး ဘား မှ ဝယ်ယူခိုင်းနေကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ အကျဉ်းဦးစီးဌာနအနေဖြင့် မတရားသဖြင့် ပြန်ပေးဆွဲခံ ထားရသည့် အပြစ်မဲ့ ပြည်သူများ၊ ရဟန်းသံဃာများ၊နိုင်ငံရေး သမားများနှင့် အမှန်တရားအတွက် လက်နက်ကိုင်တော်လှန်စစ် ဆင်နွှဲစဉ် ဖမ်းဆီးခံရသူ များအပေါ် လုံလောက်သော ဆေးဝါးစောင့် ရှောက်မှု ပေးရန် ၊မိသားစု ဝင်များ အထွေထွေအကျပ်အတည်းကြားက ပေးပို့သည့် နိုင်ငံခြားဆေးဝါး များကို လက်ခံပေးရန်နှင့် လက်ခံခဲ့သည့် ဆေးဝါးများကို သက်ဆိုင်ရာ အကျဉ်းသား၊ အကျဉ်းသူများ ထံ အချိန်မှီ ပို့ဆောင်ပေးရန် ‌မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ထပ်မံ တိုက် တွန်းတောင်းဆိုထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *