Pale News

0 0
Read Time:1 Minute, 48 Second

ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာစခန်းမှ ကင်းပတ်ထွက်လာသော စစ်သားများကို တိုက်ခိုက်မှု ၁ ဦး သေဆုံးပြီး G3 သေနတ်တစ်လက်အပါအဝင်ခဲယမ်းများ သိမ်းဆည်းရရှိ

 

D Day News

ဧပြီလ ၁၁

 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းစခန်းမှ ကင်းပတ်ထွက်လာသော စစ်သားများကို တိုက်ခိုက် ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး G3 သေနတ်တစ်လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဗမာ အမျိုးသားတော်လှန်ရေးတပ်မတော် – BNRA တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၁၀ ရက် မွန်းတည့် ၁၂ နာရီ မိနစ် ၃၀ ခန့်က ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာမှ ကင်းပတ် ထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို BNRA ရှေ့ပြေးကင်းအဖွဲ့မှ ပစ်ခတ်တိုက် ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး G3 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ဘောက်၊ ခဲ ယမ်းတချို့၊ ဖုန်း ၁ လုံးနှင့် Icon စက် ၁ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

သေဆုံးသူ အကြမ်းဖက် စစ်ကောင်စီ တပ်သားမှာ ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်၊ တပ်ချောင်း ကျေးရွာနေ မောင်စိန်သန်းအောင်ဖြစ်ပြီး ၎င်း၏ ရုပ်အလောင်းကို ဗမာအမျိုးသားတော်လှန်ရေးတပ် မတော် (BNRA)တပ်ဖွဲ့မှ ကောင်းမွန်စွာ မြှုပ်နှံပေးခဲ့ကြောင်း အသိပေးထားသည်။

 

ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အနေဖြင့် အခက်အခဲ၊ အကန့်အသတ်များကြားမှ ထိရောက်အောင်မြင်သော စစ်ရေးဖော်ဆောင်မှုများကို ကြိုးစားလုပ်ဆောင်လျက်ရှိကြောင်း သတင်း ထုတ်ပြန်ထားသည်။

 

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *