Monywa News

0 0
Read Time:1 Minute, 46 Second

မုံရွာစီးပွားရေးတက္ကသိုလ်၌ တပ်စွဲထားသော စစ်သားများကို လက်နက်ကြီးဖြင့် တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး

 

D Day News

ဧပြီလ ၁၁

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မုံရွာမြို့ စီးပွားရေး တက္ကသိုလ်၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Snipe Rangers Force (Local- PDF) တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဧပြီလ ၁၁ ရက် နံနက်အစောပိုင်းက မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်း ဝင်းအတွင်း၌ အထိုင် ချ တပ်စွဲထားသည့် အင်အား ၂၀၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ၆၀ မမ ၊ ၈၀ မမ ၊ ၁၂၀ မမ လက်နက် ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှလည်း လက် နက် ငယ်၊ စက်ကလေး၊ ၆၀ မမ၊ ၄၀ မမ များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သဖြင့် အပြန်အလှန် ထိတွေ့ တိုက်ပွဲ ၁ နာရီခန့် ကြာ မြင့်ခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သားနှင့် ပျူစောထီး ၃ ဦး သေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ် ရာ ရရှိကာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်မှု တစ်စုံတစ်ရာ မရှိဘဲ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်ခဲ့မှုကို For July 16 စစ်ဆင်ရေး အဖြစ် Snipe Rangers Force၊ ဒေါင်းပြောက် ကျားတပ် ၊ မုံရွာခရိုင် တပ်ရင်း ၂၇ ၊ GOS တပ်ဖွဲ့ တို့နှင့် မဟာမိတ် တပ်ဖွဲ့ ၃ ဖွဲ့တို့က ပူးပေါင်း လုပ် ဆောင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *