Gyobinkaung News

0 0
Read Time:1 Minute, 53 Second

ကြို့ပင်ကောက်မြို့နယ်တွင် စစ်သား၊ ပျူစောထီးများ လိုက်ပါလာသည့် ကားတစ်စီးကို ချုံခိုတိုက် ခိုက်မှု စစ်သား ၂ ဦး သေဆုံး

 

D Day News

ဧပြီလ ၁၁

 

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ အရှေ့ကုန်းရွာထိပ် ဗျူဟာလမ်းပေါ်တွင် အကြမ်းဖက်စစ်သား၊ ပျူစောထီးများစီးနင်းလိုက်ပါလာသည့် ကားတစ်စီးကို ချုံခိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေ ဆုံးခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။

 

ဧပြီလ ၉ ရက် ညနေ ၆ နာရီခန့်က ကြို့ပင်ကောက်မြို့နယ်၊ ဘော်ဘင်ဘက်မှ ကွင်းကျောင်းရွာဘက် သို့ အကြမ်းဖက်စစ်သား၊ ပျူစောထီး အင်အား ၃၀ ကျော်ပါ ကားတစ်စီးကို အရှေ့ကုန်းရွာထိပ် ဗျူ ဟာ လမ်းပေါ်အရောက် ချုံခိုတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးခဲ့ပြီး ၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“M4 နဲ့ပစ်တာ ကားပေါ်က ၂ ကောင်ကျသွားတာ၊ သေတာနဲ့ ဒဏ်ရာရသူတွေ များနိုင်တယ်။ သူတို့ ကို ပစ်ပြီးတော့ ကျနော်တို့ရဲဘော်တွေ ပြန်ဆုတ်လာခဲ့တာပါ၊ ကွင်းကျောင်းရွာ ဘုန်းကြီးကျောင်းမှာ ရွာသားတွေကို ဖမ်းထးတယ်၊ တိုက်ခိုက်ခံရပြီးတော့ ဒေသခံတွေကို ဘုန်းကြီးကျောင်းမှာ အကုန်ခေါ လိုက်တယ်၊ သတင်းမသိအောင်လို့ လုပ်တာပေါ့” ဟု သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၁ Dragon Brothers GBK PDF မှ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *