Sesi News

0 0
Read Time:1 Minute, 57 Second

ဆီဆိုင်-စံကားလမ်းပေါ်တွင် တောင်ယာအလုပ်လုပ်ပြီး ဆိုင်ကယ်ဖြင့် ပြန်လာသူ ဇနီးမောင်နှံကို PNO ပြည်သူ့စစ်များက ပစ်ခတ်သတ်ဖြတ်မှု ဇနီးဖြစ်သူသေဆုံး

 

D Day News

ဧပြီလ ၁၀

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဆီဆိုင် -စံကားလမ်းပေါ်တွင်တောင်ယာလုပ်ပြီး ဆိုင်ကယ် ဖြင့်ပြန်လာသော ဇနီးမောင်နှံနှစ်ဦးကို PNO ပြည်သူ့စစ်တပ်သားများ ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ဇနီးဖြစ် သူ သေဆုံးသွားကြောင်း ဒေသနေပြည်သူများထံက သိရသည်။

 

ယနေ့ ဧပြီလ ၁၀ ရက် နံနက် ၆ နာရီ ၁၅ မိနစ်ခန့်က ဆီဆိုင်မြို့နယ်၊ ဆီဆိုင် – စံကားလမ်း အတိုင်း တောင်ယာအလုပ်မှ ပြန်လာသော နောင်သိမ်ကျေးရွာနေ ကိုစိုးပိုင်(ခ)ကိုယောင်းနှင့် ဇနီးဖြစ်သူ ဒေါ်မူတို့ကို ကင်းပုန်းဝပ်နေသော PNO ပြည်သူ့စစ်များက လက်နက်ငယ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ဇနီးဖြစ်သူ၌ ဝမ်းဗိုက်ဘယ်ဘက်မှ ညာဘက်သို့ ထုတ်ချင်းပေါက်ပွင့်ထွက်ပြီး သေဆုံးသွားကြောင်း သိရသည်။

 

“အမေးအမြန်းမရှိပစ်ခတ်သတ်ဖြတ်လိုက်တာ၊ အမျိုးသားက လွတ်လာတယ်၊ ဆိုင်ကယ်မောင်းနေ ရင်းလမ်းမပေါ်ထွက်ပြီး ပစ်သတ်ခဲ့တာ၊ အမျိုးသားကိုပါ ပစ်တာ၊ ကျည်မထွက်လို့၊ PNO တွေ ၉ ယောက်ပဲ၊ သူတို့စွန့်ခွာသွားတဲ့ ဂိတ်ဟောင်းနားကို ကင်းပုန်းပြန်လာယူတာ” ဟု ဒေသနေပြည်သူ တစ်ဦးက ပြောကြားသည်။

 

သေနတ်ထိမှန်သေဆုံးသွားသည့် အမျိုးသမီး၏ ရုပ်အလောင်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက အင်အားဖြင့် သွားရောက်ရှင်းလင်းကာ သယ်ယူခဲ့ရကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *