Pakokku News

0 0
Read Time:5 Minute, 30 Second

ပခုက္ကူ – ရေစကြိုလမ်းပေါ်တွင် စစ်သား၊ ခဲယမ်းများတင်ဆောင်သည့် အရပ်သားကား ၂ စီးကို တားဆီးစစ်ဆေးစဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး စစ်သား၊ ပျူစောထီး ၇ ဦးသေဆုံး (ရုပ်သံ)

 

D Day News

ဧပြီလ ၁၀

 

မကွေးတိုင်း၊ ပခုက္ကူ-ရေစကြို လမ်းပေါ်တွင် စစ်သား၊ ခဲယမ်းများတင်ဆောင်လာသည့် အရပ်ကား ၂ စီးကို တားဆီးစစ်ဆေးစဉ် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး စစ်သား၊ပျူစောထီး ၇ ဦးသေဆုံးခဲ့ကြောင်း Southern YSO PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၆ ရက် မွန်းလွဲ ၁ နာရီခန့်က ဆင်ချောင်းပျူစောထီးကျေးရွာမှ ထွက်လာသော စူပါကော်ဖီမစ် (ဦးပိုင်ကုမ္မဏီ) ပိုင်ဆိုင်သော ကန်တာကားတစ်စီးနှင့် အမှတ် ၂၅၉ တပ်ရင်းမှ ကုန်ပစ္စည်းမျာနှင့် စစ်သားများ တင်ဆောင်လာသည့် မိုးကာအစိမ်းအုပ် ကုန်ကားတစ်စီးကို GTC အကြမ်းဖက်စစ် တပ်ဂိတ်နှင့် ပန်းတိုင်းခြုံ အကြမ်းဖက်စစ်တပ်ဂိတ်ကြားတနေရာ၌ တားဆီး စစ်ဆေးခဲ့ရာ ကား ပေါ်ပါ စစ်သားများက ပြန်လည်ပစ်ခတ်မှုကြောင့် အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ဖြစ်ခဲ့ကြောင်း သိရ သည်။

 

ထိုသို့ ပစ်ခတ်မှုအတွင်း မိုးကာအစိမ်းအုပ် ကုန်ကားပေါ်မှ အကြမ်းဖက်စစ်သားများသည် ထွက်ပြေး သွားကြောင်း၊ ထို့ကြောင့် သတင်းကြိုတင်ရရှိထားသော ဦးပိုင်ကုမ္ပဏီပိုင် ကန်တာကားကို စစ်ဆေးခဲ့ ရာ အမှတ် ၂၅၉ တပ်ရင်းမှ တပ်ကြပ်ကြီးတစ်ဦးချွေးမဖြစ်သူ သေဆုံးခဲ့ပြီး ကားမောင်းသမားမြင့်နိုင် နှင့် အကြမ်းဖက်စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ နေသူလွင်တို့လည်း အပြင်းအထန် ထိခိုက် ဒဏ်ရာရရှိခဲ့ရကြောင်း၊ ယင်းကားပေါ်မှ ကပစ ကျည် ၅.၅၆ ကျည် အတောင့် ၃၁၀၊ ဗုံးသီး ၃ လုံးတို့ ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

https://youtu.be/R6vfchjExcY

“ဆင်ချောင်းကနေ ကနဦးထွက်လာတာက ကုမ္ပဏီကန်တာကားပေါ့၊ အဲဒီကုမ္ပဏီကားကို ပျူတွေက စူပါကာစတန်ကားနဲ့ လုံခြုံရေးလိုက်ပေးတယ်။ ကျောက်လှေကားနားရောက်တော့ စူပါကာစတန် ကားက ပြန်သွားတယ်၊ အဲဒီကျောက်လှေကားဂိတ်မှာရောက်နေတဲ့ ကုန်ကားအစီးရယ်။ ကုမ္ပဏီ ကန်တာကားရယ်က ကျနော်တို့စောင့်နေတဲ့ ပခုက္ကူလမ်းအတိုင်းမောင်းလာတာ။ ကျနော်တို့ သတင်း ကြိုရတာက ကန်တာကုမ္ပဏီကားပဲ သတင်းကြိုရတာ၊ ကုန်ကားကြီးကို သတင်းကြိုမရဘူး၊ ကျနော် စစ်ဆေးတဲ့ဂိတ်ကိုရောက်လာတော့ ရှေ့ကန်တာကားကို တားတယ်၊ မရပ်ဘူး၊ မရပ်တော့ပစ် လိုက် တာ၊ နောက်က ကုန်ကားက ရပ်တယ်၊ ရပ်ပြီးတော့ ကျနော်တို့ကို ပစ်တယ်၊ အဲဒီအချိန်မှာ ကျနော် တို့က ကားတစ်စီးကို တပြိုင်တည်း ပြန်လည် ပစ်ခတ်တားဆီးနိုင်တဲ့အခြေအနေဖြစ်သွားတာ” ဟု Southern YSO PDF တပ်ဖွဲ့မှ တာဝန်ခံကိုအောင်မောင်းက ပြောကြားသည်။

 

ထိုသို့ ကားနှစ်စီးအား ရှာဖွေစစ်ဆေးနေစဉ် ပခုက္ကူနည်းပညာတက္ကသိုလ် GTC ဂိတ်မှ အကြမ်းဖက် စစ်သားများက လက်နက်ကြီးများဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ပြီး ပန်းတိုင်းခြုံဂိတ်မှ အကြမ်းဖက် စစ်သားများမှလည်း စစ်ကူတက်လာသဖြင့် အပြည့်အဝ စစ်ဆေးနိုင်ခြင်းမရှိတော့ပဲ ပြန်လည်ဆုတ် ခွာခဲ့ရသည်ဟုဆိုသည်။

 

ထိုသို့ ဆုတ်ခွာလာပြီးနောက် ပခုက္ကူမြို့၊ စက်မှုဇုန် စစ်ဆေးရေးဂိတ်မှ ဖိုးဝှီးကား တစ်စီး၊ အာရာဖတ် တစ်စီး၊ မတ်တူးကားတစ်စီးဖြင့် အကြမ်းဖက်စစ်သား အင်အား ၄၀ ခန့် ရောက်ရှိလာကာ ကားပေါ် ၌ သေဆုံးသွားသော အကြမ်းဖက်စစ်သားများကို လူနာတင်ယာဉ် ၂ စီးဖြင့် အမှတ် ၂၅၉ တပ်ရင်း အ တွင်း သို့ သယ်ဆောင်သွားကြောင်း၊ ထို့အပြင် စစ်ကားအကြီး ၅ စီးဖြင့် အကြမ်းဖက်စစ်သားအင် အား ၂၅၀ ခန့်ထပ်မံရောက်ရှိလာကာ မိုးကာအစိမ်းရောင်အုပ်ကုန်ကားကြီးကို စစ်ဆေးခဲ့ကြောာင်း သိရသည်။

 

“ပန်းတိုင်းခြုံဂိတ်ကလည်း ပစ်ဖောက်ဖောက်ပြီး တက်လာတာ ကျနော်တို့နဲ့ မီတာ ၅၀၀ အကွာ လောက်ရောက်နေပြီ၊ မီတာ ၆၀၀ အကွာလောက်မှာရှိတဲ့ GTC ဂိတ်ကလည်း ကျနော်တို့ကို ကောင်တာပြန်နေပြီ။ ပြန်နေတဲ့အတွက်ကြောင့် ကုန်ကားကြီးကို မစစ်ဆေးနိုင်ပဲနဲ့ နောက်ပြန်လှည့် ခဲ့တယ်၊ အဲလိုလှည့်လာတဲ့အတွက် ကုန်ကားကြီးမှာ ဘာပစ္စည်းတွေပါမှန်းမသိခဲ့ရဘူး၊ အဲဒီကားကို သာ စီးနိုင်မယ်ဆိုရင် လက်နက်ခဲယမ်းတွေတော်တော်များများ ရနိုင်မယ့်အခြေအနေမျိုးရှိတယ်၊ ဒါပေမယ့် ကျနော်တို့မှာ နှစ်ဖက်ညှပ်ပစ်နေတဲ့အတွက်နောက်ပြန်ဆုတ်ခဲ့ရတဲ့အခြေနေပေါ့” ဟု Southern YSO PDF တပ်ဖွဲ့မှ တာဝန်ခံကိုအောင်မောင်းက ပြောဆိုသည်။

 

ယင်းတိုက်ခိုက်မှုအတွင်း ကုမ္ပဏီကားပေါ်မှ ၂ ဦးသေဆုံးခဲ့ပြီး မိုးကာအစိမ်းရောင်အုပ်ကုန်ကားပေါ်မှ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *