Myin Mu News

0 0
Read Time:2 Minute, 12 Second

မြင်းမူမြို့အဝင်၌ စစ်သားများလိုက်ပါလာသည့် ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး (ရုပ်သံ)

 

D Day News

ဧပြီလ ၁၀

 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မြင်းမူမြို့အဝင်၌ စစ်သားများစီးနင်းလိုက်ပါလာသော ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Moe Nyo Revolution Force – MNRF ထံမှ သိရသည်။

 

ယနေ့ ဧပြီလ ၁၀ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၃၀ အချိန်ခန့်က စစ်ကိုင်းမြို့ တပ်မ ၃၃ မှ စစ်ကောင်စီ တပ်သား အပြည့်ပါ တင်ဆောင်လသော တွဲကားခေါင်းပြာတစ်စီးနှင့် ခေါင်းဖြူတစ်စီးကို မြင်းမူမြို့ အဝင်၌ ပေါက်ကွဲအားပြင်းမိုင်းအကြီးဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စက်သေနတ်ကိုင် စစ်သားအပါအဝင် ကားခေါင်းခန်းအတွင်းလိုက်ပါလာသော စစ်သား ၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

https://youtu.be/2Mpn86kksfk

မိုင်းထိအားပြင်းမှုကြောင့် ကားမှာလည်းရှေ့သို့ အနည်းငယ်သာ ဆက်သွား နိုင်ပြီးထိုးရပ်သွားခဲ့ကာ ကားပေါ်မှ အကြမ်းဖက်စစ်သားများက ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို Moe Nyo Revolution Force – MNRF ၊ PENTAGRAM ငါးထောင့် ကြယ်အဖွဲ့၊ ကျောက်ဆည်ခရိုင်တပ်ရင်း ၂ ညီနောင် ၃ ဖွဲ့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်သားများနှင့် ဝေးဝေးတွင် နေပေးကြပါရန်နှင့် စစ်ကောင်စီ တပ်သားများရှိရာ နေရာတိုင်း၌ ပုံစံအမျိုးမျိုးဖြင့် အလစ်အငိုက် တိုက်ခိုက်သွားမည်ဖြစ်သဖြင့် အ တတ်နိုင်ဆုံး အကြမ်းဖက် စစ်သားများနှင့် ဝေးဝေးနေထိုင်ပေးကြပါရန် သတိပေးမေတ္တာရပ်ခံထား သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *