Myawaddy News

0 0
Read Time:3 Minute, 52 Second

လက်နက်ချအညံ့ခံခြင်းမရှိသည့် ခလရ ၂၇၅ တပ်ရင်းကို ထိုးစစ်ဆင်တိုက်ခိုက်၊ အကြမ်းဖက်စစ်တပ် က လေကြောင်း၊ လက်နက်ကြီးဖြင့် မြဝတီမြို့ကို ဗုံးကြဲတိုက်ခိုက်နေသဖြင့် မြို့တွင်းရပ်ကွက်အချို့ မီးလောင်နေ

 

D Day News

ဧပြီလ ၁၀

 

ကရင်ပြည်နယ်၊မြဝတီမြို့အနီးရှိ လက်နက်ချအညံ့ခံခြင်းမရှိသော အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၇၅ တပ်ရင်းကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ အကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက်နက် ကြီးများဖြင့် မြဝတီမြို့ကို ဗုံးကြဲတိုက်ခိုက်နေသဖြင့် မြို့တွင်းရပ်ကွက်အချို့ မီးလောင်နေကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၉ ရက် နေ့လည်ပိုင်းကတည်း စတင်ပြီး လက်နက်ချအညံ့ခံခြင်းမရှိသော မြဝတီမြို့ စောင့်တပ်ရင်းတစ်ခုဖြစ်သည့် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၇၅ တပ်ရင်းကို KNLA ပူးပေါင်း တပ်ဖွဲ့က ထိုးစစ်ဆင်တိုက် ခိုက်လျက်ရှိရာ အကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက်နက်ကြီးပစ် ကူအလွန်အကျွန်အသုံးပြုပြီး ခုခံလျက်ရှိကြောင်း သိရသည်။

 

ထို့သို့အကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ဗုံးကျဲပစ်ခတ်မှုနေမှုကြောင့် မြဝတီ ကုန်သွယ်ရေးဇုန်၊ စိမ်းလဲ့မြိုင်ကားဝန်းတို့အပါအဝင် မြို့ပေါ်နေရာ ၅ ခုထက်မနည်းမီးလောင် နေကြောင်း သိရသည်။

 

Photo – ခလရ ၂၇၅ တိုက်ပွဲကြောင့် မြ၀တီမြို့၌ မီးများလောင်ကျွမ်းနေသည်ကို ယမန်နေ့ ညပိုင်းက မြင်တွေ့ရစဉ်။

 

“လေကြောင်းကနေ လေယာဉ်နဲ့ရော၊ ဒရုန်းတွေရော သုံးပြီး ဗုံးကျဲနေတာ၊ လက်နက်ကြီးတွေနဲ့ လည်း ထုနေတယ်၊ နေအိမ်တွေလည်းမီးလောင်နေတယ်၊ လက်နက်ကြီး၊ လက်နက်ငယ်ပစ်သံတွေ စုံနေအောင်ကြားနေရတာ၊ မြို့ကို တမင်ဖျက်ဆီးနေတာလေ” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

 

ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့က မြဝတီမြို့အနီးရှိ သင်္ကန်းညီနောင်အခြေစိုက် အကြမ်းဖက်စစ်ကောင် စီ၏ ဗျူဟာကုန်းအပါအဝင် တပ်ရင်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြဝတီမြို့စောင့်ဖြစ်သည့် ခလရ ၂၇၅ တပ်ရင်းကို ဝန်းရံပိတ်ဆို့ထားပြီး လက်နက်ချအညံ့ခံရန် ညှိနှိုင်းခဲ့ရာ ၃ ရက်ခန့်ကြာသည် အထိ လက်နက်ချအညံ့ခံခြင်းမရှိသဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

 

မြဝတီမြိုစောင့်တပ်ရင်းဖြစ်သည့် ခလရ ၂၇၅ တပ်ရင်းအတွင်း၌ စစ်သား ၅၀၀ ခန့်ရှိပြီး လက်နက်ချ အညံ့ခံခြင်းမပြုရန် အကြမ်းဖက်စစ်တပ် ဒုခေါင်းဆောင် စိုးဝင်းနှင့် ဘာအံမြို့အခြေစိုက်တပ်မ ၂၂  အတွင်း ရုံးထိုင်းပြီး ညွှန်ကြားနေသည့် ကစထမှူးညွန့်ဝင်းဆွေတို့ အရှေ့တောင်တိုင်းစစ်ဌာချုပ် – ရတခ အတွင်း အစည်းအဝေးပြုလုပ်ကာ ညျွန်ကြားနေခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် – ရတခတပ်ရင်းအတွင်း အစည်းအဝေးပြုလုပ်နေစဉ် ရှာထူး​ဝေါ်နည်းပညာတပ်ဖွဲ့၏ Alpha Bats တပ်ခွဲက အသေခံဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်တပ် ဒုတိယခေါင်းဆောင် စိုးဝင်း၊ ကစထမှူးညွန့်ဝင်းဆွေအပါအဝင် အရာရှိ၊ လက်အောက် စစ်သား ၃၀ ကျော်ဒဏ်ရာရရှိကာ ရဟတ်ယာဉ် ၂ စီးလည်း ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

Photo – ခလရ ၂၇၅ တိုက်ပွဲကြောင့် မြ၀တီမြို့၌ မီးများလောင်ကျွမ်းနေသည်ကို ယနေ့ နံနက်ပိုင်းအချိန် မြင်တွေ့ရစဉ်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *