Myaung News

0 0
Read Time:1 Minute, 54 Second

မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၂ ဦးဒဏ်ရာရ

 

D Day News

ဧပြီလ ၁၀

 

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြောင်မြိုနယ်ပြည့်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ-MSPDF တပ်ဖွဲ့ထံမှ သိရ သည်။

 

 

ဧပြီလ ၇ ရက် န့နက် ၁၀ နာရီမှ ၁၁ နာရီအချိန်ခန့်အထိ မြောင်မြို့နယ် ကျောက်ရစ်ကျေးရွာအတွင်း ရှိ အဆောက်အဦးတစ်ခုအတွင်း၌ အစည်းအဝေး ပြုလုပ်နေသော အကြမ်းဖက်စစ်သား၊ ရဲနှင့် ပျူ စောထီးများကို “Shar Htoo WAW” နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drone များဖြင့် AIR BOMB  ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ရဲ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၁ ဦး အခြေ အနေစိုးရိမ်ရကြောင်း သိရသည်။

 

“အစည်းအဝေးလုပ်တယ်ပဲ ကြားမိတာ၊ ဘာအတွက် အစည်းအဝေးလည်းတော မသိဘူး၊ အပြင်းအ ထန် ဒဏ်ရာရတဲ့တစ်ကောင်ကတော့ သေနိုင်တယ်။ စစ်ခွေးတွေဘက်က ၆၀ မမတွေနဲ့ပါပြန်ပစ် တယ်၊ အဲဒီစခန်းမှာက အင်အား ၁၈၀ လောက်တော့ရှိသေးတယ်” ဟု မြောင်မြိုနယ်ပြည့်သူ့ကာ ကွယ် ရေးအထူးတပ်ဖွဲ-MSPDF တပ်ဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ပြောကြား သည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့-MSPDF/MSDF၊ စစ်ကိုင်း ခရိုင် Drone တပ်ဖွဲ့၊ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း-NRDF နှင့် မိတ္ထီလာခရိုင်အမှတ် ၃ တပ်ရင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *