Drone News

0 0
Read Time:2 Minute, 41 Second

စစ်ကိုင်းမြို့နယ်၊ ညောင်ငုတ်တိုပျူစောထီးရွာနှင့် ရွှေကျင်မြို့နယ်၊ ညောင်ပင်ပေါက်ကျေးရွာရှိ စစ်သားများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု စစ်သား ၃ ဦး ဒဏ်ရာရ

 

D Day News

ဧပြီလ ၁၀

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ငုတ်တို ပျူစောထီးကျေးရွာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့‌ ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ထံမှသိရသည်။

 

ဧပြီလ ၈ ရက် ညနေ ၃ နာရီခန့်က စစ်ကိုင်းမြို့နယ် ညောင်ငုတ်တိုရွာရှိ အကြမ်းဖက် စစ်သား၊ ပျူ စောထီးများကို ကို Drone ၊ Fixed Wings များဖြင့် ဗုံးသီး ၁၂ လုံး ကျဲချတိုက်ခဲ့ရာ ပစ်မှတ်များကို ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့ပြီး မြေပြင်ခြေအနေအရ စုံစမ်းမရဖြစ်နေကြောင်း သိရသည်။

 

“နေ့ခင်း ၃ နာရီလောက်ကနေစချခဲ့တာပါ၊ ပျူစခန်းမှာက အင်အား‌တော့ သိပ်မများတော့ ဘူး၊ ဗုံးချတာ အရင်လိုတောင် ပြန်မပစ်တော့ဘူး၊ ထိခိုက်သေဆုံးမှုကတော့ စုံစမ်းလို့မရဖြစ်နေတာ” ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့၊ ကြောင်လက်သည်း LPDF ၊ Phoenix Sgg နှင့် Royal Falcon Guerrilla Force တို့ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အလားတူ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ပင်ပေါက်ကျေးရွာရှိ အကြမ်းဖက်စစ်သားများကို ဒရုန်း ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNLA Nighthawks အဖွဲ့ထံမှ သိရ သည်။

 

မတ်လ ၃၀ ရက် နံနက် ၅ နာရီခန့်က ရွှေကျင်မြို့နယ်၊ ညောင်ပင်‌ပေါက်ကျေးရွာရှိ စစ်ကောင်စီ တပ်ဖွဲ့ကို ဒရုန်းဖြင့် ၈၁ မမ ဗုံးသီး ၁ လုံး၊ ၆၀ မမ ဗုံးသီး ၆ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုကို တောကျီးကန်းတပ်ဖွဲ့၊ KNLA ပူးပေါင်းတပ်ဖွဲ့နှင့် KNLA Nighthawks အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *