CDM News

0 0
Read Time:2 Minute, 47 Second

ပခုက္ကူမြို့အခြေစိုက် ခလရ ၂၅၂ တပ်ရင်းမှ စစ်သား ၂ ဦးလက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်

 

D Day News

ဧပြီလ ၁၀

 

မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် ခလရ ၂၅၂ တပ်ရင်းမှ စစ်ကောင်စီတပ်သား ၂ ဦးလက်နက်ခဲယမ်း များနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း Southern YSO PDF ထံမှ သိရသည်။

 

ဧပြီလ ၅ ရက်နေ့က ပခုက္ကူမြို့နယ် အခြေစိုက် ခလရ ၂၅၂ တပ်မှ အသက် ၂၀ အရွယ် တပ်သား အောင်ဆန်းလင်းနှင့် အသက် ၁၈ နှစ်အရွယ် တပ်သား အောင်သက်ပိုင်တို့ ၂ ဦးသည် MA 1 သေနတ် ၁ လတ် ကျည်ဘောက် ၁ ခု၊ 5.56 ကျည် ၂၅ တောင့်တို့နှင့်အတူ ရေစကြိုမြို့နယ် Southern YSO PDF အဖွဲထံ သို့ အလင်း၀င်ရောက်လာခဲ့ကြောင်း သိရသည်။

 

“ကျနော်တို့က Local PDF ဖြစ်တဲ့အတွက် ဆုကြေးပေးဖို့က ကိုယ်ထူကိုယ်ထ ရုန်းကန်ရတာ၊ ပြည်သူ့ဆီက အလှူခံငွေလေးတွေနဲ့သွားနေရတဲ့ အခြေအနေပေါ့၊ ငွေကြေးပေါများမှု ကျနော်တို့မှာ မရှိဘူး၊ အဲဒါကြောင့် ပြည့်မီအောင်ချေး၊ ငှားပေါင်နှံရတာရှိတယ်။ ကျနော်တို့မှာက ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုတွေရှိပါတယ်။ ဖြစ်နေတဲ့အနေအထားက Local ဖြစ်နေတဲ့အတွက် ငွေကြေးမပေါများဘူး၊ နောက်ထပ် ဝင်ချင်တဲ့ CDM သမားတွေလည်းရှိတယ်၊ ငွေကြေးမပြည့်စုံသေးတဲ့အတွက်ကြောင့် မေ့ ထားရတဲ့အနေအထားတွေရှိနေပါတယ်။ ဒါကြောင့်မို့ မိဘပြည်သူတွေ အနေနဲ့ တတ်နိုင်ရာ ဘက် ကနေ Southern YSO PDF အဖွဲ့ကို အားဖြည့်ကူညီပေးပါလို အထူးပဲမေတ္တာရပ်ခံအပ်ပါတယ်” ဟု Southern YSO PDF တာဝန်ခံကို အောင်မောင်း ပြောကြားသည်။

 

ထိုသို့ လက်နက်နှင့်တကွ အလင်းဝင်ရောက်လာသူ တပ်သား ၂ ဦးကို Southern YSO PDF တပ်ဖွဲ့က ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၆၀ ချီးမြှင့်ပေးခဲ့ပြီး လုံခြုံလွတ်မြောက်သည့် နယ်မြေသို့ ပို့ဆောင်ထား ကြောင်း ယခုချိန်ထိ Southern YSO PDF အဖွဲထံသို့ စစ်သား ၂ ဦး၊ ရဲ၂ ဦး အလင်းဝင်ရောက်ခဲ့ ပြီး ဖြစ် ကြောင်း၊ နောက်ထပ်ဝင်ရောက်လာမည့်သူများရှိသော်လည်း ငွေကြေး မပြည့်စုံသဖြင့် ခေါ်ယူ နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

 

Southern YSO PDF တွင် စစ်အာဏာရှင်အမြစ်ပြတ်ရေးအတွက် တိုက်ပွဲဝင်နေသော CDM ရဲဘော် များလည်း ပါဝင်တိုက်ခိုက်နေပြီး ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာမည့် စစ်ကောင်စီတပ်သား၊ ရဲများကို နွေးထွေးစွာကြိုဆိုသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *