Ayardaw News

0 0
Read Time:1 Minute, 47 Second

အရာတော်မြို့ပေါ်တွင် အဓမ္မစစ်သားစုဆောင်းနေသူ တပ်ကြပ်ကြီးအငြိမ်းစား အုပ်ချုပ်ရေးမှူး အောင်ကြည် ပစ်ခတ်ခံရပြီး သေဆုံး

 

D Day News

ဧပြီလ ၁၀

စစ်ကိုင်းတိုင်း၊ အရာတော်မြို့ပေါ်တွင် အဓမ္မစစ်သားစုဆောင်းနေသူ တပ်ကြပ်ကြီးအငြိမ်းစား အုပ်ချုပ်ရေး အောင်ကြည်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း Danger Force LPDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၉ ရက် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က အရာတော်မြို့၊ အမှတ် ၁ ရပ်ကွက်အုပ်ချုပ် ရေး မှူး အောင်ကြည်သည် လက်ဖက်ရည် ဆိုင်မှ နေအိမ်သို့ ပြန်လာစဉ်လမ်း၌ SIG သေနတ်၂ လက် ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။

 

သေဆုံးသူ အောင်ကြည်သည် စ.ခ.တ ၁၀ တပ်တွင် တပ်ကြပ်ကြီးအဆင့်အထိတာဝန်ထမ်းဆောင်ခဲ့ ပြီး အငြိမ်းစားယူကာ အရာတော်မြို့ အမှတ် ၁ ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူးအဖြစ် လုပ်ကိုင်နေသူ ဖြစ်ကြောင်း၊ ၎င်းသည် မြို့ပေါ်ရပ်ကွက်မှ လူငယ် ၁၅ ဦးကို စစ်မှုထမ်းရန် ဆင့်ခေါ်စာပို့ကာ ဖိအား ပေးကာ အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ အကောင်အထည်ပေါ်စေရန် တက်ကြွစွာလုပ် ဆောင်နေသူဖြစ်သဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ လုပ်ဆောင်မှုကို Danger Force LPDF၊ အရာတော်မြို့နယ်မဟာမိတ် LPDF တပ်ဖွဲ့ ၂ ဖွဲ့ နှင့် မုံရွာခရိုင်ပကဖ တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *