Pakokku News

0 0
Read Time:1 Minute, 49 Second

ပခုက္ကူမြို့နယ်၊ ညောင်ပင်လှ လမ်းခွဲရှိ စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား၊ ရဲ ၃ ဦး ဒဏ်ရာရ (ရုပ်သံ)

 

D Day News

ဧပြီလ ၉

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ညောင်ပင်လှလမ်းခွဲရှိ စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်သား၊ ရဲ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း မြိုင်ပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

 

ယမန်နေ့ ဧပြီလ ၈ ရက် ညနေ ၄ နာရီခန့်က ပခုက္ကူမြို့နယ်၊ညောင်ပင်လှလမ်းခွဲရှိ အကြမ်းဖက် စစ်သား၊ ရဲ၊ ပျူစောထီး ပူးပေါင်းကာ ဖွင့်ထားသည့် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် အီနာဂါ ဗုံးသီး အကြီးများ ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး၊ ရဲ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

https://youtu.be/ZEICHb5zMug

ယင်းစစ်ဆေးရေး ဂိတ်ရှိ စစ်သား၊ ရဲ၊ ပျူစောထီးများသည် လမ်းသွားလမ်းလာပြည်သူပိုင် မော်တော် ယာဉ်များကို အတင်းအဓမ္မ အနိုင်ကျင့် ဆက်ကြေးကောက်နေသည့်အပြင် ဂိတ်ရှိ အကြမ်းဖက် စစ် သား ၊ ရဲ၊ ပျူစောထီးများမှလည်း ခရီး သွား ပြည်သူများအပေါ် ရိုင်းစိုင်းစွာ ဆဲဆိုမှုများ ပြုလုပ်နေ သဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိုင်ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြိုင်-ပကဖ ၊ Black Cobra ၊PKU ThuRain ၊ ကမ္မတပ်ပေါင်းစု နှင့် DMG ဓားမင်းကြီးအဖွဲ့တို့ ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *