Mawlamyine News

0 0
Read Time:3 Minute, 59 Second

မော်လမြိုင်မြို့ရှိ ရတခ ဌာနချုပ်အတွင်း အသေခံဒရုန်း ၅ စီးဖြင့် ဗုံးကျဲတိုက်ခိုက်မှု အကြမ်းဖက် စစ်ကောင်စီ၏ ဒုတိယခေါင်းဆောင် စိုးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေတို့အပါအဝင် အရာရှိ အများအပြားဒဏ်ရာရရှိပြီး အရာရှိကြီးပိုင်းမှ ၃ ဦးသေဆုံး

 

D Day News

ဧပြီလ ၉

 

မော်လမြိုင်မြို့ရှိ ရတခ ဌာနချုပ်အတွင်း အသေခံဒရုန်း ၅ စီးဖြင့် ဗုံးကျဲတိုက်ခိုက်မှု အကြမ်းဖက် စစ်ကောင်စီ၏ ဒုတိယစစ်ခေါင်းဆောင် စိုးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေတို့အပါအဝင် အရာရှိအများအပြားဒဏ်ရာရရှိပြီး အရာရှိကြီးပိုင်းမှ ၃ ဦးသေဆုံးခဲ့ကြောင်း Alpha Bats Drone Force တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဧပြီလ ၉ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၃၀ အချိန်ခန့်က မော်လမြိုင်မြို့၊ အရှေ့တောင်တိုင်း စစ် ဌာနချုပ် – ရတခ တိုင်းရုံးအတွင်း အကြမ်းဖက်စစ်တပ် ဒုတိယခေါင်းဆောင် စိုးဝင်းဦးဆောင်ပြီး စစ် ဆင်​ရေးအစည်းအ​ဝေးပြုလုပ်​နေသည့် အားကစားခန်းမကို ကာမီကာ​ဇေ Fixed Wing Drone ၃ စီး ဖြင့်လည်းကောင်း၊ ရဟတ်ယာဉ် ၂ စီး ရပ်ထားသည့်နေရာကို ကာမီကာ​ဇေ Fixed Wing Drone ၂ စီး ဖြင့်လည်းကောင်း ကျဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ထိုသို့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် အစည်းအ​ဝေးခန်းမအတွင်းရှိ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေ၊ စစ်ဦးစီး ပထမတန်းနှင့်အထက် စစ်ဗိုလ်ချုပ် ၄ ဦး အပါအဝင် အရာရှိ အရာခံ အကြပ် တပ်သား ၃၀ ​ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“ဒီနေ့ တိုက်ခိုက်မှုမှာ ဒဏ်ရာရစာရင်းထဲ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ ဒုဗိုလ်ချုပ်ကြီးညွန့်ဝင်း​ဆွေတို့ ပါဝင်​နိုင်တယ်၊ စိုးဝင်းကားနဲ့ အနောက်က လူနာတင်ယာဉ်တစ်စီး ပညာရေး တပ်နားက ကုတင် ၃၀၀ ရောက်နေတယ်။ ကွန်မန်ဒိုတွေလဲ ဆေးရုံမှာ အစောင့်ချထားတယ်။ ဒုချုပ်စိုးဝင်းရယ် ကစထ မှူး ညွန့်ဝင်း​ဆွေရယ် သူတို့ ၂ ဦးကို နေပြည်တော်က အဆက်အသွယ်ပြတ်​တောက်​နေလို့ ​ဗြောင်းဆန်နေ တယ်လို့ကြားတယ်” ဟု ​” Alpha Bats Drone Force မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေအပါအဝင် ဗိုလ်ချုပ်တစ်ဦး၊ ဗိုလ်မှူးချုပ်တစ်ဦးအပါအဝင် အရာရှိကြီးပိုင်းမှ ၆ ဦးအပြင်းအထန်ဒဏ်ရာရရှိပြီး ယနေ့ ညပိုင်းတွင် ၃ ဦးသေဆုံးသွားကြောင်း ၊ သေဆုံးသူမည်သူမည်ဝါဖြစ်သည်ကို မသိရသေးကြောင်း သိရသည်။

 

“နောက်ဆုံးရတဲ့သတင်းကတော့ ရတခထဲရပ်ထားတဲ့ ရဟတ်ယာဉ် ၂ စင်းလုံးလည်း ထိမှန်ရှိခဲ့တယ် လို့သိရတယ်။ ဘာအံတပ်မ ၂၂ မှာ ရုံးထိုင်ကွက်ကဲနေတဲ့ ကစထမှူး ညွန့်ဝင်းဆွေရဲ့ ရဟတ်ယာဉ် အခုထိ ဘာအံပြန်မရောက်သေးသလို လူလည်း ပြန်ရောက်မလာသေးဘူးလို့ သတင်းရထားပါတယ်” ဟု Alpha Bats Drone Force တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရှာထူး​ဝေါ်နည်းပညာတပ်ဖွဲ့၏ Alpha Bats တပ်ခွဲက တိုက်ခိုက်ခဲ့ခြင်း ဖြစ် ပြီး ဒုချုပ်စိုးဝင်း အ​နေဖြင့် ရတခ တွင် ​ရောက်ရှိ​နေကာ မြဝတီ၊ သင်္ဃန်းညီ​နောင်၊ ​ကော့ကရိတ် စစ် ဆင်​ရေးများကို အနီးကပ်ကွပ်ကဲ​နေ​ကြောင်း သိရသဖြင့် ရသမျှနည်းလမ်းများ အသုံးပြုတိုက်ခိုက်​နေခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *