Mawlamyine News

0 0
Read Time:3 Minute, 41 Second

မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အတွင်း၌ အကြမ်းဖက်စစ်တပ်ဒုခေါင်းဆောင်စိုးနှင့် တပ်မှူးများ အစည်းပြုလုပ်နေစဉ် အသေခံဒရုန်းများဖြင့် ထပ်မံဗုံးကျဲတိုက်ခိုက်

 

D Day News

ဧပြီလ ၉

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ် – ရတခ တပ်အတွင်း၌ အကြမ်းဖက် စစ် ကောင်စီဒုတိယခေါင်းဆောင် စိုးဝင်းနှင့်တပ်မှူးများ အစည်းအဝေးပြုလုပ်နေစဉ် အသေခံဒရုန်း များဖြင့် ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Alpha Bats Drone Force ထံမှ သိရသည်။

 

ယနေ့ ဧပြီလ ၉ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၃၀ အချိန်ခန့်က မော်လမြိုင်မြို့၊ အရှေ့တောင်တိုင်း စစ် ဌာနချုပ် – ရတခ တိုင်းရုံးအတွင်း အကြမ်းဖက်စစ်တပ် ဒုတိယခေါင်းဆောင် စိုးဝင်းဦးဆောင်ပြီး စစ် ဆင်​ရေးအစည်းအ​ဝေးပြုလုပ်​နေသည့် အားကစားခန်းမကို ကာမီကာ​ဇေ Fixed Wing Drone ၃ စီး ဖြင့်လည်းကောင်း၊ ရဟတ်ယာဉ် ၂ စီး ရပ်ထားသည့်နေရာကို ကာမီကာ​ဇေ Fixed Wing Drone ၂ စီး ဖြင့်လည်းကောင်း ကျဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

“စိုးဝင်းက ဒီနေ့လည်းရှိနေတယ်၊ အားကစားခန်းမမှာ တပ်မှူးတွေ၊ အရာရှိတွေနဲ့ တောင်ပိုင်းစစ် မျက်နှာအတွက် အထူးအစည်းအဝေးလုပ်နေတာပါ၊ ပျက်စီးမှုကတော့ အသေးစိတ်မသိရသေးပါဘူး၊ ကျနော်တို့တိုက်ခိုက်ခဲ့တာက ခန်းမကို ၃ စီး၊ ဟတ်စကီးကွင်းကို ၂ စီးချခဲ့တာ၊ လက်ရှိတော့ ဟတ်စ ကီး တစ်စီပဲ ပျံတက်နိုင်မှုမရှိတော့ဘူးလို့ ကနဦးသိထားရတယ်၊ မနေ့က သတင်းဆက်ကတော့ အသေး စိတ်မသိရသေးပါဘူး၊ မနေ့က တိုင်းမှူးတော့ အဆဲခံရတယ်၊ အခုတော့ မြို့ထဲတွေ၊ တိုင်းရုံး တွေကို အကုန်ပိတ်ဆို့ထားလိုက်ပြီ။”  Alpha Bats Drone Force မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရှာထူး​ဝေါ်နည်းပညာတပ်ဖွဲ့၏ Alpha Bats တပ်ခွဲက တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ဗုံးကျဲချပြီးနောက် တိုင်းရုံးအတွင်းမှ ပေါက်ကွဲသံကျယ်လောင်စွာ ဆက်တိုက်ထွက်ပေါ်ခဲ့ ကြောင်း၊ အထိအခိုက်အပျက်အစီးများရှိနိုင်ပြီး ရတခ တိုင်းရုံးရှေ့လမ်းမကို ပိတ်ဆို့ပစ်ကာ စစ်ကား အများအပြားလည်း လေဆိပ်ဘက်သို့ ထွက်ခွာသွားကြောင်း သိရသည်။

 

ထို့အပြင် မြန်မာနိင်ငံဘက်တံ ဆိပ်တပ် ပြောက်ကျားဝတ်စုံများဝတ်ဆင်ထားသည့် စစ်သားများ လိုက်ပါလာသော ကား ၃ စီးလည်း ထွက်ခွာလာပြီး ရပ်ထားသည့် ရဟတ်ယာဥ်၂ စီးအနက် တစ်စီး သာ ပြန်တက်နိုင်ကာ ကျန်တစ်စီးမှာ တက်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

 

ယမန်နေ့ ဧပြီလ ၈ ရက် ညနေပိုင်းကလည်း အလားတူ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ် စိုးဝင်း ကိုယ်တိုင် တုန်လှုပ်​ခြောက်ခြားမှုဖြစ်ကာ အကြီးအကျယ်ဒေါသပေါက်ကွဲခဲ့ပြီး ​တိုင်းမှူးအား လူပုံအ လည် ဆဲဆိုအော်ဟစ်ခဲ့ကြောင်း သိရသည်။

 

ယ​နေ့ တိုက်ခိုက်မှုသည် ဒုချုပ်စိုးဝင်း အ​နေဖြင့် ရတခ တွင် ​ရောက်ရှိ​နေပြီး မြဝတီ၊ သင်္ဃန်းညီ​နောင်၊ ​ကော့ကရိတ် စစ်ဆင်​ရေးများကို အနီးကပ်ကွပ်ကဲ​နေ​ကြောင်း သိရသဖြင့် ရသမျှနည်းလမ်းများ အသုံးပြုတိုက်ခိုက်​နေခြင်းဖြစ်ကြောင်း Alpha Bats Drone Force က ပြောဆိုထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *