Laung Lone News

0 0
Read Time:1 Minute, 40 Second

လောင်းလုံးမြို့ လဝကရုံး၌ တပ်စွဲထားသော စစ်သားများကို အလစ်အငိုက်တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး (ရုပ်သံ)

 

D Day News

ဧပြီလ ၉

 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ ထောက်တိုင် လဝကရုံး၌ တပ်စွဲ ထား သော အကြမ်းဖက် စစ်သားများကို အလစ်အငိုက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် PDF ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်က လောင်းလုံးမြို့နယ်၊ လောင်းလုံးမြို့ပေါ်ရှိ အ ကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ လဝကရုံး၌ တပ်စွဲပြီး ပြည်သူများကို အတင်းအဓမ္မ ဖမ်းဆီး ငွေညှစ် ဓါးမြတိုက်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများရှိရာ ဘန်ကာကို အနီးကပ် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

https://youtu.be/IRQSYvd39wU

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုသည် မိနစ် ၄၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်သား ၅ ဦး သေဆုံးပြီး ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်သားများက ၄၀ မမ ၊ ၆၀ မမ နှင့် စက်ကလေးများ ဖြင့် ပြန်လည်ပစ်ခတ်မှုရှိကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံး (ပကဖ) လိပ်ပြာတပ်စု ၊ လောင်းလုံး (ပကဖ) ကင်းမြှီးကောက် ပြောက်ကျားတပ်စုနှင့် ဓူဝံကြယ် တပ်ဖွဲ့၊ Modern Punk အဖွဲ့ နှင့် Student Revolutionary Force အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *