0
0
Read Time:1 Minute, 13 Second
ပြင်ဦးလွင်မြို့ရှိ DSA စစ်တက္ကသိုလ်ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု တပ်သားများ နေထိုင်ရာ အဆောင်အနီး ၄ လုံးကျရောက်ပေါက်ကွဲ
D Day News
ဧပြီလ ၈
မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့ရှိ DSA စစ်တက္ကသိုလ်ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ် ခတ်တုက်ခိုက်ခဲ့ရာ အကြမ်းဖက်တပ်သားများ နေထိုင်ရာ အဆောင်အနီး ၄ လုံးကျရောက်ပေါက်ကွဲခဲ့ ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ယနေ့ ဧပြီလ ၈ ရက် နံနက်အစောပိုင်းက ပြင်ဦးမြို့ရှိ စစ်တက္ကသိုလ် – DSA ကို ၁၀၇ မမ ရှော့တိုက် ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်တပ်သားများ နေထိုင်ရာ အဆောင်အနီးသို့ ၄ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မန္တလေးတိုင်း (ပကဖ)က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
D Day News