Mying News

0 0
Read Time:1 Minute, 23 Second

မြိုင်မြို့နယ်၊ ဝက်ပုတ်ပျူရွာကို ၄ ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်မှု တပ်ကြပ်ကြီး ၁ ဦးသေဆုံး (ရုပ်သံ)

 

D Day News

ဧပြီလ ၈

 

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာ ပျူစခန်းကို ၄ ရက် ဆက်တိုက် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ တပ်ကြပ်ကြီး တစ်ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖထံမှ သိရသည်။

 

ဧပြီလ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ မြိုင်မြို့နယ်၊ ဝက်ပုတ်ပျူကျေးရွာကို ဒရုန်းဖြင့် အီနာဂါဗုံးသီး အကြီးစားများကြဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ တပ်ကြပ်ကြီး အဆင့်ရှိသူ တစ်ဦး သေဆုံး ပြီး ရဲ ၁ ဦး၊ ပျူ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ ဒရုန်းအဖွဲ့နှင့် ဘာမထီပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်ခံမှုကြောင့် ဝက်ပုတ်ကျေးရွာရှိ ပျူစောထီးများက လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သဖြင့် အနီးရှိကျေးရွာများမှ ရွာသူရွာသားများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *