Mawlamyine News

0 0
Read Time:2 Minute, 42 Second

အကြမ်းဖက်စစ်တပ် ဒုတိယခေါင်းဆောင်စိုးဝင်းနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့ အစည်းအဝေးပြုလုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

 

D Day News

ဧပြီလ ၈

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်း စစ်ဌာနချုပ်အတွင်း၌ အကြမ်းဖက်စစ်တပ် ဒုတိယ ခေါင်းဆောင် စိုးဝင်းနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ အစည်းအဝေးပြုလုပ်နေစဉ် ဒရုန်း ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Alpha Bats Drone Force တပ်ဖွဲ့ထံက သိရသည်။

 

ယနေ့ ဧပြီလ ၈ ရက် ညနေ ၅ နာရီ ၁၀ မိနစ်ခန့်က မော်လမြိုင်မြို့ရှိ အ​ရှေ့​တောင်တိုင်းစစ်ဌာနချုပ် (ရတခ) တိုင်းရုံးအတွင်း အကြမ်းဖက် စစ်တပ် ဒု​ခေါင်း​ဆောင် စိုးဝင်းနှင့်အဖွဲ့နှင့် တိုင်းမှူးတို့ စစ်ဆင်​ရေး ကွပ်ကဲမှု အစည်းအ​ဝေးလုပ်​နေစဉ် ​ Fixed Wing Drone များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

 

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒုချုပ်စိုးဝင်းနှင့်အရှေ့တောင်တိုင်းတိုင်းမှူးတို့ အစည်းအ​ဝေးကျင်းပ​မှု ချက်ချင်းရပ်ဆိုင်းသွားပြီး အကြမ်းဖက်စစ်တပ် ဒုတိယခေါင်းဆောင်စိုးဝင်းမှာ ​​ဖော်ကာ တစ်စီး၊ ဂျက်ဖိုက်၂ စီးဖြင့် ချက်ချင်းပြန်ပြေးသွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရှာထူး​ဝေါ်နည်းပညာတပ်ဖွဲ့ ၏ Alpha bats တပ်ခွဲက ​မြေပြင်လုံခြုံ​ရေးပူး​ပေါင်းတပ်များ အကူအညီဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“ဒီကနေ့ညနေပိုင်းက မော်လမြိုင်မှာ ပေါက်ကွဲသံတွေ ဆက်တိုက်ကြားရတယ်လို့ ဒေသခံတွေက လည်း အတည်ပြုပါတယ်။ ပေါက်ကွဲမှု​ကြောင့် ရတခ တိုင်းအတွင်း တုန်လှုပ်​ခြောက်ခြားမှုတွေဖြစ် တယ်။ ​ လေယာဥ်တွေ၊ ကားတွေ၊ လုံခြုံ​ရေးတွေ အထူးပြင်ဆင်တာတွေ့ရတယ်။ လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့သွားခဲ့တာ၊ အထိအခိုက် အသေးစိတ်တော့ မသိရသေးဘူး” ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ Alpha Bats တပ်ခွဲက ပြောကြားသည်။

 

​မော်လမြိုင်မြို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်- ရတခ တွင် စိုးဝင်း​ရောက်​နေသကဲ့သို့ ဘားအံ တပ်မ ၂၂ တွင်လည်း ညွန့်ဝင်း​ဆွေ​ရောက်​နေကြောင်း၊  မြဝတီ၊ သင်္ဃန်းညီ​နောင်ဘက်သို့ ​လေ​ကြောင်းထိုး စစ်ရေးများ ပြုလုပ်ရန် ကြံစည်​နေကြခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *