Seik Phyu News

0 0
Read Time:1 Minute, 49 Second

လေယာဉ်ပစ် ဗုံးသီးများ ထုတ်လုပ်ပေးနေသည့် ကပစ ၂၁ ကို မစ်ဆိုင်းဒုံး ၂၅ လုံးဖြင့် တိုက်ခိုက်မှု ကုန်ကြမ်းသိုလှောင်ရုံ ၃ ခုထိခိုက်ပျက်စီး (ရုပ်သံ)

 

D Day News

ဧပြီလ ၇

 

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ လေယာဉ်ဗုံးသီးများ ထုတ်လုပ်ပေးနေသော ကပစ ၂၁ ကို မစ်ဆိုင်းဒုံး ၂၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကုန်ကြမ်းသိုလှောင်ရုံ ၃ ခုထိခိုက်ပျက်စီးခဲ့ကြောင်း သိမ်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး ထံမှ သိရသည်။

 

ဧပြီလ ၅ ရက် နံနအစောပိုင်း ၁ နာရီခန့်က ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၁ အတွင်းသို့ Short Range Missile ဒုံး ၂၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေယာဉ် ဗုံးသီးများ ထုတ်လုပ်နိုင်ရန် သိုလှောင်ထား သော ကုန်ကြမ်းသိုလှောင်ရုံ ၃ ခုထိမှန်ပျက်စီးခဲ့ပြီး အကြမ်းဖက်စစ်သား အများအပြားထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မကွေးတိုင်း ပ.က.ဖ Drone လက်ရုံးတပ်ဖွဲ့ဖြစ်သော သိန်းငှက်နက်ဆိပ်ဖြူ တော် လှန်ရေးတပ်ဦး၊ စလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့သို့ တိုက်ခိုက်ခံရမှုကြောင့် ဧပြီလ ၅ ရက် နံနက် ၉ နာရီ မိနစ် ၃၀ အချိန်တွင် ဆိပ်ဖြူမြို့မှ စစ်သုံး ဖောကား ၁၀ စီးဖြင့် ကပစ ၂၁ သို့ အင်အားထပ်ဖြည့်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *