Kyaikhto News

0 0
Read Time:4 Minute, 12 Second

ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်စစ်ဆေးရေးဂိတ်၊ ရွှေစေတီ၊ ငွေစေတီဘုရားကုန်းအပါအဝင် နေရာ ၅ခု၌ တပ်စွဲထားသော စစ်သားများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု စစ်သား၊ ရဲ ၅ ဦး သေဆုံး

 

D Day News

ဧပြီလ ၇

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်စစ်ဆေးရေးဂိတ်၊ ရွှေစေတီ၊ ငွေစေတီဘုရားကုန်းအပါအဝင် နေရာ ၅ ခု၌ တပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ရဲများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား၊ ရဲ ၅ ဦးသေဆုံးခဲ့ကြောင်းကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF ထံမှ သိရ သည်။

 

ယမန်နေ့ ဧပြီလ ၆ ရက် မွန်းတည့် ၁၂ နာရီ ၁၉ မိနစ်ခန့်က ကျိုက်ထိုမြို့နယ်၊ ပုပ္ပလင် စစ်ရေးဂိတ်၊ အကြမ်းဖက်စစ်သားများ တပ်စွဲထားသော ရွှေစေတီ၊ ငွေစေတီဘုရားကုန်းနေရာတို့ကို စစ်ရေး ပစ် မှတ် အဖြစ် သတ်မှတ်၍ ဒရုန်းဖြင့် ဗုံးသီးကျဲချ၍ သော်လည်းကောင်း၊ ၆၀-မမ လက်နက်ကြီးဖြင့် ပစ် ခတ်၍ လည်းကောင်း အသီးသီး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်မှုအတွင်း ဘုရားကုန်းပေါ်ရှိ အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံးပစ် ချ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ မုပ္ပလင်လမ်းဆုံဂိတ်ကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံး အပြင် ၆ဝ-မမ လက်နက်ကြီး ၃ လုံးဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦး ပွဲချင်းပြီး သေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ အပြင် ရဲကား ၂ စီး ထိခိုက်ပျက်စီးခဲ့သည့်အပြင် ၎င်းတို့ တာဝန် ယူ လက်ခံထားသည့် without ကား ၁ စီးပါ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

အလားတူ ကျိုက်ထိုမြို့နယ်၊လက်ပံပင် သင်္ချိုင်းကုန်းနှင့် အင်္ဂဘိုတာဝါတိုင်စောင့် အကြမ်းဖက်စစ် သားများကို ဒရုန်း၊ ၆ဝ-မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ဧပြီလ ၆ ရက် ညနေ ၅ နာရီ ၁ဝ မိနစ် အချိန်တွင် လက်ပံပင်သင်္ချိုင်းကုန်းအား ဒရုန်းဖြင့် ဗုံးသီး ၅ လုံးအပြင် ၆ဝ-မမ လက်နက်ကြီး ၄ လုံးဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး အရာရှိခွဲမှူး ၁ ဦးမှာ ဘယ်လက်မောင်းနှင့် ဘယ် နားရွက် ရှပ်ထိဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာ ရရှိ သူများကို ရန်ကုန်ဘက်သို့ သယ်ဆောင်သွားကြောင်းသိရသည်။

 

ထို့အပြင် တာဝါတိုင်အား ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ကြဲချခဲ့ပြီး ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ် ပြီး အကြမ်းဖက်စစ်သားများက အနီးအနား ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF၊ KNU/KNLA ၊ NightHawks ၊ YEF ၊ တပ်မဟာ ၁ – PDF တပ်ရင်း၊ တောကျီးကန်းအဖွဲ့၊ ခရမ်း PDF နှင့် ကျိုက်ထိုပကဖ ပူးပေါင်းအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF အနေဖြင့်စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက် လက် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေး ကာကွယ် စောင့်ရှောက်သွားမည် ဖြစ်ပါကြောင်းနှင့် ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက် နစ်နာ ပျက်စီး ဆုံးရှုံးစေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများအား ပြုလုပ်ခြင်း အလျှင်းမရှိပါကြောင်း အသိပေးထုတ်ပြန် ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *