Ye Phyu News

1 0
Read Time:1 Minute, 36 Second

ရေဖြူမြို့နယ်၊ ညင်းထွေးရွာအုပ်ချုပ်ရေးမှူးရုံး၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု ၄ ဦး သေဆုံး

 

D Day News

ဧပြီလ ၆

 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ညင်းထွေးရွာအုပ်ချုပ်ရေးမှးနေအိမ်၌ တပ်စွဲထား သော အကြမ်းဖက်စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Dawei Guerrilla Revolutionary Force-DGRF တပ်ဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၄ ရက် ညနေ ၄ နာရီ မိနစ် ၃၀ အချိန်ခန့်က ရေဖြူမြို့နယ်၊ ကျောက်ကညှာရွာနှင့် ညင်းထွေး ကျေးရွာကြားရှိ ညင်းထွေရွာအုပ်ချုပ်ရေးမှူးနေအိမ်တွင် ယာယီတပ်စွဲထားသာ အကြမ်းဖက်စစ်သား ၂၀ ခန့်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ၆၀ မမ လက်နက်ကြီး ၆ လုံးစ်ခတ်ပြီးနောက် လက် နက်ငယ်များဖြင့် အနီးကပ်ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးခဲ့ ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Dawei Guerrilla Revolutionary Force- DGRF ၊ ထားဝယ်မြို့နယ်ပြည်သူ့ ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ (ထားဝယ်.ပ.က.ဖ) DDPDF ၊ ဥဩ​​တပ်ခွဲ ၁ နှင့် ဧဒင်မှူး တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Photo – ဥဩစစ်ကြောင်း(ထားဝယ်မြို့နယ်)

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *