Pakokku News

0 0
Read Time:1 Minute, 46 Second

ပခုက္ကူမြို့နယ်၊ကန်တော်ဂိတ်နှင့်ညောင်ပင်လှလမ်းခွဲရှိ စစ်ရေးဆေးဂိတ်တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက် ခိုက်မှု စစ်သား ၃ ဦးသေဆုံး (ရုပ်သံ)

 

D Day News

ဧပြီလ ၆

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကန်တော်ရွာ စစ်ဆေးရေးဂိတ်နှင့် ညောင်ပင်လှလမ်းခွဲရှိ စစ် ဆေးရေး ဂိတ်တို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖ ထံမှ သိရသည်။

 

ယနေ့ ဧပြီလ ၆ ရက် နံနက် ၇ နာရီခန့်က ပခုက္ကူမြို့နယ်၊ ညောင်ပင်လှလမ်းခွဲရှိ အကြမ်းဖက် စစ် သား၊ ပျူစောထီးကို ဒရုန်းဖြင့် အီနာဂါ ဗုံးသီး ၈ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

 

အလားတူ ယမန်နေ့ ဧပြီလ ၅ ရက် ညနေ ၆ နာရီခန့်ကပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာ၌ တပ်စွဲ ပြီး ခရီးသွားပြည်သူများ၏ ကားများကို ဆက်ကြေးကောက်ခြင်း၊ ဖမ်းဆီးရိုက်နှက်ခြင်း၊ ရိက္ခာ ပစ္စည်း များအား အတင်းအဓမ္မလုယက်ယူဆောင်ခြင်းတို့ နေ့စဉ်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက် စစ် သား ပျူစောထီးများကို ဒရုန်းဖြင့် အီနာဂါ ဗုံးသီး ၈ လုံး ကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ၊ Black Cobra၊ PKU Thurain၊ Young Forcef (UG)၊ Kamma Defence Force (KMDF)၊ ကမ္မတပ်ပေါင်းစု နှင့် DMG (ဓားမင်းကြီးတပ်ဖွဲ့)တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *