Myingyan News

0 0
Read Time:2 Minute, 9 Second

မြင်းခြံမြို့နယ်၊ တောင်ရှေ့ဂိတ်ရှိ စစ်သား၊ ရဲများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ရဲ ၁ ဦး သေဆုံး

 

D Day News

ဧပြီလ ၆

 

မန္တလေးတိုင်း၊ မြင်းမြို့နယ်၊တောင်ရှေ့ဂိတ်ရှိ စစ်သား၊ ရဲများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ရဲတစ်ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်းထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၅ ရက် နံနက် ၉ နာရီခွဲခန့်က တောင်သာမြို့နယ်နှင့် မြင်းခြံမြို့နယ်အစပ် မြင်းခြံ-တောင်သာလမ်းမပေါ်ရှိ တောင်ရှေ့စစ်ဆေးရေးဂိတ်ရှိ အကြမ်းဖက်စစ်သား၊ ရဲများကိုFixed Wings Drone များဖြင့် ဗုံးသီးများ ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားနေထိုင်ရာ ဘန်ကာ၊ ကတုတ် ကျင်းများအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ရဲ ၁ ဦးသေဆုံးကာ အများအကြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“မနက် ၉ နာရီခွဲလောက်ကစလှုပ်ရှားတာပေါ့၊ ပထမ ၂ စီးတပြိုင်တည်လွှတ်ချပြီးတော့ နောက်တစ် ခေါက် ၁၀ မိနစ်လေက်ငြိမ်ပြီးတော့ ထပ်ချတဲ့အချိန်မှာ လက်နက်ငယ်တွေနဲ့ ကောင်တာပြန်ပစ်တာ‌‌တွေရှိတယ်ဗျ၊ အဲလိုပစ်ပြီးတော့ လမ်းကို အသွားအလာ အကုန်ပိတ်ပစ်တာ၊ အဲလိုပိတ်ပစ်ပြီးအတော် ကြာတော့ ရဲကား ၂ စီးဝင်တယ်၊ ရဲတစ်ဦးပွဲချင်းပြီးသေတယ်လို့ မျက်မြင်တွေ့တဲ့သူတွေဆီက သိရ တယ်၊ ဒဏ်ရာရတာတွေလည်းရှိတယ်၊ အဲဒီကား ၂ စီးနဲ့မြင်းခြံဘက်ကို သယ်သွားတာ” ဟု မြင်းခြံ ခရိုင် အမှတ် ၈ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိပါ တိုက်ခိုက်မှုကို မြင်းခရိုင်တပ်ရင်း ၈ နှင့် မြင်းခြံမြို့နယ် ပကဖ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *