မြဝတီမြို့နယ်၊ သင်္ကန်းညီနောင် ဗျူဟာစခန်းကုန်းကို ၅ နာရီအတွင်း သိမ်းပိုက်ရရှိပြီး ၁၂၂ ၊ ၁၂၀ မမ လက်နက်ကြီး ၄ လက်အပါအဝင် ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိဟု KNLA ကြေညာ
D Day News
ဧပြီလ ၆
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ဗျူဟာ စခန်းကုန်းကို ၅ နာရီအတွင်း အလုံးစုံသိမ်းပိုက်ရရှိခဲ့ပြီး ၁၂၂ ၊ ၁၂၀ မမလက်နက်ကြီး ၄ လက် အပါအဝင် လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိကြောင်း KNLA ဗဟိုက တရားဝင် သတင်း ထုတ်ပြန်သည်။
ယမန်နေ့ ဧပြီလ ၅ ရက် နံနက် ၈ နာရီခန့်က မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်ရှိ အရှေ့တောင် တိုင်းစစ်ဌာနချုပ်လက်အောက်ခံ စစ်ဗျူဟာအခြေချ (သင်္ဃန်းညီနောင်)ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ စတင်တိုက်ခိုက်ခဲ့ရာ ၅ နာရီခန့်အကြာ မွန်းလွဲ ၁ နာရီအချိန်တွင် အပြီးသတ်ပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သိမ်းပိုက်ရရှိသော အကြမ်းဖက်စစ်ကောင်စီတပ်စခန်းအတွင်းမှ ၁၂၂ လက်နက်ကြီး ၂ လက် ၊ ၁၂၀ လက်နက်ကြီး ၂ လက်အပါအဝင် အခြားလက်နက်ကြီး၊ လက်နက်ငယ်များ၊ ခဲယမ်းကျည်ပစ္စည်းများမြောက်များစွာသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
D Day News