Htilin News

0 0
Read Time:3 Minute, 24 Second

စစ်တပ်က မီးရှို့သဖြင့် ပြာကျခဲ့သည့် ရေမျက်နီကျေးရွာအတွင်း ဝင်ရောက်ရှင်းလင်းစဉ် ပိတ်မိနေသူ အဖိုး အဖွားနှစ်ဦးကို ကယ်တင် (ရုပ်သံ)

 

D Day News

ဧပြီလ ၆

 

မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သည့် ရေမျက်နီကျေးရွာ အတွင်းသို့ YRA ထီးလင်းတပ်ဖွဲ့မှ ဝင်ရောက်ပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်ကာ ပိတ်မိနေသည့် အဖိုးအဖွားနှစ်ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း YRA ထီးလင်းတပ်ဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၃ ရက် နံနက် ၁၁ နာရီခန့်က ကျောမြို့အနီးရှိ ကပစ ၂၃ မှ ရောက်ရှိလာသော အကြမ်းဖက် စစ်သားများသည် ရေမျက်နီကျေးရွာရှိ ပြည်သူ့နေအိမ်များကို မီးရှို့ခဲ့ရာ ယမန်နေ့ ဧပြီလ ၅ ရက် ညနေ ၅ နာရီကျော်အချိန်က မီးညွန့်ကျိုးသွားခဲ့ပြီး အိမ်ခြေ ၂၀၀ ကျော်ပြာသွားကြောင်း၊ ထို့သို့ မီးညွတ်ကျိုးသွားပြီးနောက် YRA ထီးလင်းတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေး ဝင်ရောက်ခဲ့ရာ နေအိမ်အတွင်းပိတ်မိနေသော အဖိုးအဖွား ၂ ဦးကို ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“မနေ့က ညနေပိုင်းမီးညွန့်ကျိုးပြီးတော့ နယ်မြေရှင်းလင်းရေးဝင်ရောက်ခဲ့တာ၊ စစ်ခွေးတွေ နယ်မြေ စိုးမိုးရေး လုပ်ထားတဲ့ စစ်တပ်ကုန်းကနေ မြင်ရလောက်တဲ့နေရာအထိတော့ ဝင်လို့မရသေးဘူး၊ကျေး ရွာရဲ့ တစ်ခြမ်းလောက်ပဲ လုပ်ခဲ့ရသေးတာဗျ၊ အိမ်ထဲမှာ ပိတ်မိနေတဲ့ အဖိုးအဖွား ၂ ဦးကိုတော့ ကယ် ထုတ်ခဲ့ရ တာပဲရှိတာ။ ထူးထူးခြားခြားတော့ မတွေ့ရသေးဘူးဗျ၊ မီးလောင်တဲ့အိမ်တွေ ကတော့ အ ကုန်ပြာကျတာပဲ၊ ကျန်တဲ့အိမ်တွေကတော့ ကျန်တာပေါ့၊ အင်အား တိုးထားတဲ့ စစ်ခွေး ၇၀ ကတော့ ရဲစခန်းနဲ့အနီးတဝိုက်ကုန်းတွေမှာပဲရှိသေးတယ်၊ သူတို့နယ်မြေစိုးမိုးမှုယူထားတဲ့ သဘော ရှိတယ်ဗျ” ဟု YRA ထီးလင်းတပ်ဖွဲ့မှ သခင်ဇော်က ပြောကြားသည်။

 

မတ်လ ၃၀ ရက် မွန်းတည့် ၁၂ နာရီခန့်က ရေမျက်နီရဲစခန်းအနီးသို့ YRA ထီးလင်းတပ်ဖွဲ့ဝင်များက ချဉ်းကပ်၍ ၄၀ မမ ဗုံးသီး ၅ လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ပြင်းထန် ဒဏ်ရာရခဲ့ကြောင်း၊ ၄င်းပြင်းထန်ဒဏ်ရာရသူ ၂ ဦးကို လာရောက်ခေါ်ဆောင်သည့် ကျော ကပစ ၂၃ မှ အင်အား ၇၀ ခန့်ပါစစ်ကြောင်းသည် ဧပြီလ ၃ ရက်နေ့တွင် ရေမျက်နီရဲစခန်းသို့ ရောက် ရှိခဲ့ ပြီး နံနက် ၁၁ နာရီကျော်အချိန်မှစ၍ ပြည်သူ့နေအိမ်များကို မီးရှို့ခဲ့ကြောင်း သိရသည်။

 

အဆိုပါ မီးရှို့သည့်အကြမ်းဖက်စစ်သားများကို YRA – ထီးလင်းတပ်ဖွဲ့ဝင်များမှ ၄၀ မမဖြင့် ဗုံးသီး ၃ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁ ဦးသေဆုံးပြီး ၂ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဧပြီလ ၄ ရက်နံနက် ပိုင်းတွင် အပြင်းအထန်ဒဏ်ရာရရှိသည့် အကြမ်းဖက်စစ်သား ၂ ဦးသည်လည်း ထပ်မံသေဆုံးသွား ကြောင်း သိရသည်။

 

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *