AA News

0 0
Read Time:4 Minute, 18 Second

ဘူးသီးတောင်အခြေစိုက် ခမရ ၅၆၄ တပ်ရင်းဌာနကို ၅ ရက်အကြာ ထိုးစစ်ဆင်တိုက်မှုအပြီး အလုံးစုံ သိမ်းပိုက်ရရှိ၊ စစ်သား ၈၀ ကျော် သေဆုံး

 

D Day News

ဧပြီလ ၆

 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၆၄ တပ်ရင်း ဌာနချုပ်ကို ၅ ရက်အကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် အလုံးစုံသိမ်းပိုက်ရရှိခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား ၈၀ ကျော်သေဆုံးခဲ့ ကြောင်း ရခိုင့်တပ်တော် – AA က ထုတ်ပြန်သည်။

 

ဧပြီလ ၁ ရက်နေ့မှစတင်၍ ဘူးသီးတောင်မြို့နယ် အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၆၄ တပ်ရင်းဌာချုပ်ကို  ရခိုင့်တပ်တော် – AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဧပြီလ ၅ ရက်၊ နံနက် ၈ နာရီ အချိန်တွင် တပ်ရင်းဌာနချုပ်တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက် ရယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းစ ခန်း သိမ်းပိုက်အတွင်း အကြမ်းဖက်စစ်သား ၈၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်း အမြောက်အ များ ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

 

ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီက ကြည်းတပ်၊ လေတပ်တို့ဖြင့် အသည်း အသန် ပူးပေါင်းခုခံကာကွယ်နေခဲ့သော်လည်း ရက္ခိုင့်တပ်တော်၏ ဗျူဟာမြောက်ထိုးစစ်အား မည်သို့ မျှ ယှဉ်နိုင်ခြင်းမရှိဘဲ ၅ ရက်အကြာတွင် ရက္ခိုင့်တပ်တော်လက်အောက်သို့ ကျရောက်ခဲ့ရကြောင်း၊ ရက္ခိုင့်တပ်တော်အနေဖြင့် ရက္ခိုင်ဒေသတစ်ခုလုံးကို အပြီးသတ်ပြီးသိမ်းပိုက်ထိန်းချုပ်နိုင်ရေးအတွက် လက်နက်ချအညံ့မခံသေးသော အကြမ်းဖက် စစ်ကောင်စီ၏ စစ်စခန်းများကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

 

အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၆၄ တပ်ရင်းဌာနချုပ် သိမ်းပိုက်မှုအတွင်း အာရက္ခစစ်သည်တော် များ ပေးဆပ်ခဲ့ရမှုရှိပြီး ထိုသို့ ပေးဆပ်စွန့်လွှတ်ခဲ့ရသည့် အာရက္ခစစ်သည်တော်များကို ရခိုင့်တပ် တော် စစ်ရုံးချုပ်မှ လေးနက်စွာ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် မတ်လ ၂၅ ရက် မွန်းတည့် ၁၂ နာရီအချိန်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ဘူးသီးတောင် အခြေစိုက် ခမရ ၅၅၂ တပ်ရင်းကို ကြည်းတပ်၊ လေတပ်တို့ပူးပေါင်းကာ အပြင်းအထန်ခုခံနေ သည့် ကြားမှ ရက်ပေါင်း ၃၂ ရက်အကြာထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် အပြီးသတ် သိမ်းပိုက်ခဲ့ပြီးဖြစ် ကြောင်း၊ အလားတူ မတ်လ ၂၅ ရက်နေ့တွင်ပင် ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာစခန်းကိုလည်း ထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

 

မောင်တောမြို့နယ်၊ ကြိမ်ချောင်း စခန်းကိုလည်း ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင် ရေးအတွက် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ရခိုင့်တပ်တော် – AAက ထုတ်ပြန်ထား သည်။

 

ရက္ခိုင်ပြည်နယ်အတွင်း စစ်ရှုံးနေသော အကြမ်းဖက်စစ်ကောင်စီတပ်များသည် ပြည်သူကိုပစ်မှတ် ထားလျက် စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဈေးများ၊ စစ်ဘေးရှောင်နေရာများ၊ ဘာသာရေး အ ဆောက် အအုံများ၊ မြို့ရွာများရှိ လူနေရပ်ကွက်များကို လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများ ဖြင့် ပစ်ခတ်ခြင်းတို့ကို နေ့စဉ်ပြုလုပ်ကာ စစ်ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိကြောင်းသိရသည်။

 

ဧပြီလ ၄ ရက် မွန်းလွဲ ၂ နာရီ ၄၇ မိနစ်အချိန်တွင် ကျောက်တော်မြို့အား အကြမ်းဖက်စစ်ကောင်စီ တပ်မှ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၁၈ နှစ်အရွယ် အပြစ်မဲ့ပြည်သူ လူငယ်တစ်ဦးသေဆုံးခဲ့ပြီး ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *