Tanintharyi News

0 0
Read Time:1 Minute, 54 Second

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းအခြေစိုက် ခမရ ၅၆၁ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး

 

D Day News

ဧပြီလ ၅

 

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာ အခြေစိုက် အကြမ်းဖက်စစ်ကောင် စီ၏ ခမရ ၅၆၁ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးခဲ့ ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း – ၁ ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၄ ရက် ညနေပိုင်းနှင့် ညတိုင်းတို့တွင် တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာ အခြေ စိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခ.မ.ရ ၅၆၁ တပ်ရင်းကို မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်း – ၁ ၏ ADF ဒရုန်းအဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီး ၅ ကြိမ်ကြဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ် သား ၄ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အလားတူ ဧပြီလ ၂ ရက်နေ့က အဆိုပါ ခ.မ.ရ ၅၆၁ တပ်ရင်းနှင့် ညောင်ပင်ကွင်းတံတားရှိ အကြမ်း ဖက်စစ်သားများကို မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း – ၁ မှ ဝင်ရောက်တိုက်ခိုက် ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း – ၁ သည် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ ) ၊ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *