Pauk News

0 0
Read Time:3 Minute, 31 Second

ပေါက်မြို့နယ်၊ ရေပြာရဲစခန်းမှ ထွက်လာသော စစ်ယာဉ်တန်းကိုမိုင်းဆွဲ၊ ဗုံးကျဲတိုက်ခိုက်မှု ၂၂ ဦး သေဆုံး (ရုပ်သံ)

 

D Day News

ဧပြီလ ၅

 

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရေပြာရဲစခန်းမှ ထွက်လာသော အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို မိုင်း ဆွဲ၊ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ၂၂ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖထံမှ သိရသည်။

 

ယနေ့ ဧပြီလ ၅ ရက် ညနေ ၄ နာရီ ၁၀ မိနစ်ခန့်က ပေါက်မြို့နယ်၊ ရေပြာရဲစခန်းမှ ကုက္ကိုစုပျူစော ထီး ကျေး ရွာ ဘက်သို့ ဆက်လက်ထွက်ခွာလာသော အင်အား ၂၀၀ ကျော်ပါ အကြမ်းဖက်စစ်ယာဉ် တန်းကို ပေပါ ပဒေသာမိုင်း ၃ လုံးဖြင့် စတင်တိုက်ခိုက်ခဲ့ရာတွင် အကြမ်းဖက်စစ်သား ၇ ဦးနေရာမှာ ပင်ပွဲချင်း ပြီးသေဆုံးပြီး ၄ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင်ရှေ့ပြေးပွိင့်အဖြစ် ဆက်လက်ထွက်ခွာလာခဲ့သော အကြမ်းဖက်စစ်သားများကို အသင့် ထောင်ထားသည့် မိုင်းပွိင့်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးနေရာမှာပင်ပွဲချင်း ပြီး သေဆုံးပြီး ၄ ဦးမှာ နားစည်များကွဲ၍ ကြောက်လန့်အော်ဟစ်ကာ ယာခင်းများအတွင်း လှည်ပတ် ပြေးလွှားနေခဲ့ကြောင်း သိရသည်။

 

ထို့နောက် အကြမ်းဖက်စစ်ယာဉ်တန်းနှင့်စစ်သားများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦး အတုံးအရုန်းလဲကျသွားပြီး သေဆုံးဒဏ်ရာရရှိမှု အရေအတွက်အတိအကျကို အတည်ပြုနိုင်ခြင်းမရှိသေးဟု ဆိုသည်။

 

ထို့အပြင် ဒရုန်းဖြင့် ဗုံးကျဲပြီးထပ်မံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း၊ ညနေ ၄ နာရီ ၄၈ မိနစ်အချိန်တွင်ရေပြာရဲစခန်းမှ မောင်းနှင်လာသည့် Jammer ကားပါ မော်တော်ယဥ် ၄ စီးသည် နင်းမိုင်းထိပြီး အကြမ်းဖက်စစ်သား ၃ ဦးနေရာမှာပင်ပွဲချင်းပြီး သေဆုံးကာ ၄ ဦးခန့်အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို မြိုင်ပကဖ တပ်ရင်း ၁ ၊ ပေါက်ပကဖ နှင့် ဗိုလ်လရောင်အဖွဲ့များ၊ ဗိုလ်ရိုးမ အဖွဲ့များ၊ ပခုက္ကူခရိုင် တပ်ရင်း ၁၆ ၊ တပ်ခွဲ ၂ – FRG တပ်ဖွဲ့တို့ ပူးပေါင်းကာ စနစ်တကျ အစီအစဥ် ဆွဲပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ပခုက္ကူမြို့ တပ်မ ၁၀၁ မှ ရိက္ခာပို့ယာဉ် ၁၂၀ ကျော်ဖြင့် ထွက်ခွာလာခြင်းဖြစ်ပြီး ပေါက်မြို့သို့ပင်ရောက်ရှိခြင်းမရှိပဲ လမ်းခရီးတလျှောက် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များ၏ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း၊ ရင်ဆိုင်တိုက်ပွဲ ဆင်နွှဲခံရခြင်း ကြောင့် အထိနာကာ မော်တော်ယာဉ်များကို မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်နှင့်တကွထွက်ပြေးခြင်း တို့ ရှိကြောင်း၊ အချို့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မြိုင်ပကဖထံသို့ လက်နက်နှင့်တကွ အလင်း ဝင်ရောက်လာမှုရှိကြောင်း ထုတ်ပြန်အသိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *